Pushing လုပ်ခြင်း
Pushing ဆိုတာ ဘာလဲ?
Section titled “Pushing ဆိုတာ ဘာလဲ?”Git Push ဆိုတာ ကိုယ့် ကွန်ပျူတာထဲမှာ Commit လုပ်ထားတဲ့ အပြောင်းအလဲတွေကို Online (Remote) Repository ဆီ ပို့တင်လိုက်တာကို ဆိုလိုပါတယ်။
အဓိက အရေးကြီးတဲ့ အချက်များ
Section titled “အဓိက အရေးကြီးတဲ့ အချက်များ”- ကိုယ် လုပ်ထားသမျှကို Backup အဖြစ် လုံခြုံစွာ သိမ်းဆည်းနိုင်ဖို့
- ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို အခြားသူတွေနဲ့ မျှဝေနိုင်ဖို့
- ကိုယ့် Project ကို အွန်လိုင်းပေါ်ကနေ လူအများ မြင်သာအောင် လုပ်နိုင်ဖို့
Push လုပ်နည်း
Section titled “Push လုပ်နည်း”အခြေခံ Command ပုံစံ:
git push <remote-name> <branch-name>ဥပမာ:
git push origin mainဒီ Command က Local မှာရှိတဲ့ main Branch ရဲ့ အပြောင်းအလဲတွေကို origin လို့ နာမည်ပေးထားတဲ့ Online Repository ဆီ ပို့လိုက်တာ ဖြစ်ပါတယ်။
ပထမဆုံးအကြိမ် Push လုပ်ခြင်း (-u သုံးခြင်း)
Section titled “ပထမဆုံးအကြိမ် Push လုပ်ခြင်း (-u သုံးခြင်း)”Branch တစ်ခုကို Online (Remote) ဆီ ပထမဆုံးအကြိမ် push လုပ်တဲ့အခါ -u (သို့မဟုတ် --set-upstream) ဆိုတဲ့ Flag လေး ထည့်ပေးဖို့ လိုပါတယ်။
git push -u origin main-u က ကိုယ့် Local Branch နဲ့ Remote Branch ကို အလိုအလျောက် ချိတ်ဆက်ပေးပါတယ်။ ဒီလို တစ်ကြိမ် ချိတ်ဆက်ပြီးသွားရင်တော့ နောက်ပိုင်း git push လို့ အလွယ်တကူ ရိုက်လိုက်ရုံနဲ့ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။
ကိုယ်တိုင် လုပ်ကြည့်ရန်
Section titled “ကိုယ်တိုင် လုပ်ကြည့်ရန်”ကိုယ့် my-first-repo Project Folder ရဲ့ Terminal မှာ git push -u origin main လို့ ရိုက်ကြည့်ပါ။
ပြီးရင် Browser ကနေ GitHub မှာရှိတဲ့ ကိုယ့် Project Page ကို Refresh လုပ်ကြည့်ပါ။ ကိုယ့် Code တွေနဲ့ Commit History တွေ Online ပေါ် ရောက်လာတာကို တွေ့ရပါလိမ့်မယ်။