Skip to content
GitHub

Pushing လုပ်ခြင်း

Git Push ဆိုတာ ကိုယ့် ကွန်ပျူတာထဲမှာ Commit လုပ်ထားတဲ့ အပြောင်းအလဲတွေကို Online (Remote) Repository ဆီ ပို့တင်လိုက်တာကို ဆိုလိုပါတယ်။

အဓိက အရေးကြီးတဲ့ အချက်များ

Section titled “အဓိက အရေးကြီးတဲ့ အချက်များ”
  • ကိုယ် လုပ်ထားသမျှကို Backup အဖြစ် လုံခြုံစွာ သိမ်းဆည်းနိုင်ဖို့
  • ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို အခြားသူတွေနဲ့ မျှဝေနိုင်ဖို့
  • ကိုယ့် Project ကို အွန်လိုင်းပေါ်ကနေ လူအများ မြင်သာအောင် လုပ်နိုင်ဖို့

အခြေခံ Command ပုံစံ:

Bash
git push <remote-name> <branch-name>

ဥပမာ:

Bash
git push origin main

ဒီ Command က Local မှာရှိတဲ့ main Branch ရဲ့ အပြောင်းအလဲတွေကို origin လို့ နာမည်ပေးထားတဲ့ Online Repository ဆီ ပို့လိုက်တာ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် Push လုပ်ခြင်း (-u သုံးခြင်း)

Section titled “ပထမဆုံးအကြိမ် Push လုပ်ခြင်း (-u သုံးခြင်း)”

Branch တစ်ခုကို Online (Remote) ဆီ ပထမဆုံးအကြိမ် push လုပ်တဲ့အခါ -u (သို့မဟုတ် --set-upstream) ဆိုတဲ့ Flag လေး ထည့်ပေးဖို့ လိုပါတယ်။

Bash
git push -u origin main

-u က ကိုယ့် Local Branch နဲ့ Remote Branch ကို အလိုအလျောက် ချိတ်ဆက်ပေးပါတယ်။ ဒီလို တစ်ကြိမ် ချိတ်ဆက်ပြီးသွားရင်တော့ နောက်ပိုင်း git push လို့ အလွယ်တကူ ရိုက်လိုက်ရုံနဲ့ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

ကိုယ်တိုင် လုပ်ကြည့်ရန်

Section titled “ကိုယ်တိုင် လုပ်ကြည့်ရန်”

ကိုယ့် my-first-repo Project Folder ရဲ့ Terminal မှာ git push -u origin main လို့ ရိုက်ကြည့်ပါ။

ပြီးရင် Browser ကနေ GitHub မှာရှိတဲ့ ကိုယ့် Project Page ကို Refresh လုပ်ကြည့်ပါ။ ကိုယ့် Code တွေနဲ့ Commit History တွေ Online ပေါ် ရောက်လာတာကို တွေ့ရပါလိမ့်မယ်။