Skip to content
GitHub

အလုပ်များကို ယာယီသိမ်းဆည်းခြင်း

“ဒါလေး ခဏ မှတ်ထားပေးပါ!” - git stash

Section titled ““ဒါလေး ခဏ မှတ်ထားပေးပါ!” - git stash”
  • လက်ရှိ အလုပ်လုပ်နေတဲ့ နေရာက Commit မလုပ်ရသေးတဲ့ အပြောင်းအလဲတွေကို ယာယီ (အံဆွဲထဲ ထည့်သလို) သိမ်းဆည်းပေးတာ ဖြစ်ပါတယ်။
  • Staged ရော Unstaged Changes ကိုပါ နှစ်မျိုးလုံး သိမ်းပေးပါတယ်။
  • သိမ်းပြီးတာနဲ့ Working Directory ကို နောက်ဆုံး Commit ရှိခဲ့တဲ့ အခြေအနေအတိုင်း သန့်ရှင်းသွားအောင် ပြန်လုပ်ပေးပါတယ်။

ဘာကြောင့် သုံးရသလဲ?

Section titled “ဘာကြောင့် သုံးရသလဲ?”
  • အလုပ်တစ်ခု လုပ်လက်စ ရှိနေတုန်း၊ အရေးပေါ် Bug တစ်ခုကို တခြား Branch မှာ ချက်ချင်း သွားပြင်ဖို့ လိုလာတဲ့အခါ။
  • တစ်ဝက်တစ်ပျက် ပြီးနေတဲ့ အလုပ်ကို Commit မလုပ်ချင်သေးဘဲ၊ Branch အမြန် ပြောင်းဖို့ လိုအပ်တဲ့အခါ။
  • Pull လုပ်ချင်ပေမဲ့ Local မှာ အပြောင်းအလဲတွေ ရှိနေလို့ သန့်ရှင်းတဲ့ အခြေအနေတစ်ခု လိုအပ်လာတဲ့အခါ မျိုးတွေမှာ သုံးပါတယ်။

1. အပြောင်းအလဲများကို ယာယီ သိမ်းဆည်းခြင်း

Bash
git stash push -m "Stash message"

(မှတ်ရလွယ်အောင် Message နဲ့ သိမ်းတာပါ။ ရိုးရိုး git stash လို့ပဲ ရိုက်လည်း ရပါတယ်)။

2. သိမ်းဆည်းထားတာတွေကို ပြန်ကြည့်ခြင်း

Bash
git stash list

3. သိမ်းဆည်းထားတာကို ပြန်ယူခြင်း (ထုတ်ယူခြင်း)

Bash
git stash pop

(နောက်ဆုံး သိမ်းထားတဲ့ အလုပ်ကို Working Directory ထဲ ပြန်ထည့်ပေးပြီး၊ Stash စာရင်းထဲကနေ အပြီး ဖယ်ရှားပေးပါတယ်။ Conflicts ရှိလာနိုင်တာကိုတော့ သတိထားပါ)။

4. သတ်မှတ်ထားတဲ့ Stash ကို ပြန်ယူခြင်း (မဖျက်ဘဲ)

Bash
git stash apply stash@{1}

(သတ်မှတ်ထားတဲ့ Stash ကို ပြန်ယူပေးပေမဲ့၊ Stash စာရင်းထဲမှာတော့ မဖျက်ဘဲ ဆက်ထားပေးပါတယ်)။

တကယ်လို့ အဲ့ဒီ Stash ကို စာရင်းထဲကနေ ဖယ်ရှားချင်တယ် ဆိုရင်တော့ -

Bash
git stash drop stash@{1}

လက်တွေ့ စမ်းသပ်ကြည့်ရန်

Section titled “လက်တွေ့ စမ်းသပ်ကြည့်ရန်”
  1. ဖိုင်တစ်ခုခုမှာ အပြောင်းအလဲ တချို့ လုပ်ကြည့်ပါ။
  2. git stash push -m "WIP feature X" လို့ ရိုက်လိုက်ပါ။
  3. git status နဲ့ ပြန်ကြည့်ရင် အလုပ်လုပ်နေတဲ့ နေရာကြီး သန့်ရှင်းသွားတာကို တွေ့ရပါလိမ့်မယ်။
  4. git stash list နဲ့ သိမ်းထားတဲ့ စာရင်းကို ကြည့်ပါ။
  5. git stash pop လို့ ရိုက်ကြည့်ပါ။ (စောစောက အပြောင်းအလဲတွေ အကုန် ပြန်ပေါ်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ခင်ဗျာ)။