ဘာလို့ Git ကို လိုအပ်တာလဲ
ကျွန်တော်တို့ Code တွေ ရေးတဲ့အခါ၊ Project တွေ လုပ်တဲ့အခါမှာ စစချင်းတော့ အားလုံး အဆင်ပြေနေတတ်ပါတယ်။ ဒါပေမဲ့ Project တွေ တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ (ဒါမှမဟုတ်) တခြားသူတွေနဲ့ အတူတူ လုပ်ရတဲ့အခါ ကျရင်တော့ ပြဿနာတွေ စပေါ်လာတတ်ပါတယ်။
Git မသုံးခင် ကြုံရတာတွေ
Section titled “Git မသုံးခင် ကြုံရတာတွေ”- ကိုယ်ရေးနေတဲ့ Code ဖိုင်တွေ၊ Document ဖိုင်တွေကို
report_draft1.docx,report_final_v3.docxစသဖြင့် နာမည်မျိုးစုံနဲ့ အကြိမ်ကြိမ် Save လုပ်ဖူးကြမှာပါ။ Code တွေနဲ့ဆို ပိုဆိုးပါတယ်။ တစ်ခုခု ပြောင်းလိုက်တိုင်း Version အသစ်ဆိုပြီး ထပ် Save ရတာမို့ မကြာခင်မှာပဲ Project Folder ကြီးက ရှုပ်ယှက်ခတ်သွားတတ်ပါတယ်။ ဘယ်ဟာက နောက်ဆုံး Version လဲ၊ ဘယ်ဟာက အဆင်ပြေနေတဲ့ Code လဲ ဆိုတာကို ခွဲခြားရ ခက်ခဲလာပါပြီ။
-
ဒါ့အပြင် အရင်ရက်က ကောင်းကောင်း အလုပ်လုပ်နေတဲ့ Code က အခု တခြား အပြောင်းအလဲတွေ လုပ်လိုက်မှ ပျက်သွားတာမျိုးလည်း ကြုံဖူးကြမှာပါ။ အရင် Version တွေကို ပြန်ရှာရ၊ Copy-Paste လုပ်ရနဲ့ အချိန်တွေ အများကြီး ကုန်ရပါတယ်။
-
Project အဆင်ပြေနေချိန်မှာ Feature အသစ်တစ်ခု ထပ်ထည့်ရမယ် (သို့) Code တွေကို အကြီးအကျယ် ပြန်ပြင်ရမယ်ဆိုရင် ‘ရှိပြီးသားတွေပါ ပျက်သွားမလား’ ဆိုပြီး စိုးရိမ်ရပါတယ်။ ဒီစိတ်က အလုပ်တွေကို နှေးကွေးစေပါတယ်။
အဖွဲ့လိုက် အလုပ်လုပ်တဲ့အခါ ဖြစ်တတ်တဲ့ ပြဿနာတွေ
Section titled “အဖွဲ့လိုက် အလုပ်လုပ်တဲ့အခါ ဖြစ်တတ်တဲ့ ပြဿနာတွေ”အဖွဲ့လိုက် အလုပ်လုပ်တဲ့ အခါဆို ပိုဆိုးပါတယ်။ လူတစ်ယောက် ပြင်ထားတာကို နောက်တစ်ယောက်က ပြန်ထပ်ရေးမိလို့ ပျောက်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဘယ်သူက၊ ဘယ်အချိန်မှာ၊ ဘာလို့ ပြောင်းလဲလိုက်တယ် ဆိုတဲ့ မှတ်တမ်း မရှိတဲ့အတွက် အဖွဲ့ဝင်တွေကြား နားလည်မှုလွဲတာတွေ ဖြစ်တတ်ပါတယ်။
ကယ်တင်ရှင် ရောက်လာပြီ: Version Control စနစ်များ!
Section titled “ကယ်တင်ရှင် ရောက်လာပြီ: Version Control စနစ်များ!”ဒီပြဿနာတွေ အားလုံးကို ဖြေရှင်းဖို့အတွက် Version Control System (VCS) ဆိုတဲ့ စနစ်တစ်ခု လိုအပ်လာတာပါ။
VCS ကို ဂိမ်းတွေ ဆော့တဲ့အခါ သုံးတဲ့ “Save Game” စနစ်နဲ့ တူတယ်လို့ စဉ်းစားကြည့်ပါ။ Project မှာ အရေးကြီးတဲ့ အဆင့်ရောက်တိုင်း Save (Commit) လုပ်ထားလို့ ရပါတယ်။ မှားသွားရင်လည်း အရင် Save ထားတဲ့ အချိန်ကို အလွယ်တကူ ပြန်သွားလို့ ရပါတယ်။ Code တွေကိုလည်း လမ်းကြောင်းခွဲပြီး (Branching) စမ်းသပ်လို့ ရပါသေးတယ်။
“ဒါကြောင့် VCS ဆိုတာ ဖိုင်တွေကို Backup ထားတာတင် မဟုတ်ဘဲ၊ ကိုယ့် Project ရဲ့ ပြောင်းလဲ တိုးတက်လာပုံ သမိုင်းကြောင်း တစ်ခုလုံးကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ် ခင်ဗျာ။“
ဘာလို့ Git ကိုပဲ ရွေးချယ်သင့်တာလဲ?
Section titled “ဘာလို့ Git ကိုပဲ ရွေးချယ်သင့်တာလဲ?”VCS တွေ အများကြီး ရှိတဲ့အထဲမှာ Git ကတော့ အခုခေတ်မှာ လူတိုင်းနီးပါး သုံးနေတဲ့ စံသတ်မှတ်ချက် တစ်ခု ဖြစ်လာပါပြီ။ Git ဟာ Distributed ဖြစ်တဲ့အတွက် Developer တိုင်းရဲ့ ကွန်ပျူတာမှာ Project ရဲ့ သမိုင်းကြောင်း အပြည့်အစုံ ရှိနေပါတယ်။ ဒါကြောင့် Offline လည်း အလုပ်လုပ်လို့ ရသလို၊ လုံခြုံမှုလည်း ပိုရှိပါတယ်။
Git ဟာ တော်တော်လေး မြန်ဆန်ပြီး၊ Project အသေးလေးတွေကနေ အကြီးကြီးတွေအထိ အဆင်ပြေပြေ သုံးနိုင်ပါတယ်။ Git ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းဟာ ယနေ့ခေတ် Developer တစ်ယောက်အတွက် မရှိမဖြစ် လိုအပ်တဲ့ Skill တစ်ခု ဖြစ်ပါတယ်။
Git နှင့် Online Services များ ကွာခြားပုံ
Section titled “Git နှင့် Online Services များ ကွာခြားပုံ”စတင် လေ့လာသူတွေအတွက် Git နဲ့ GitHub, GitLab, Bitbucket လို Service တွေ ကွာခြားပုံကို နားလည်ဖို့ လိုပါတယ်။ ရိုးရိုးလေး ပြောရရင် Git ဆိုတာ ကိုယ့် ကွန်ပျူတာထဲမှာ Code တွေရဲ့ ပြောင်းလဲမှုတွေကို ထိန်းချုပ်ပေးတဲ့ “Tool (ကိရိယာ)” သက်သက်သာ ဖြစ်ပါတယ်။
အနှစ်ချုပ်ရရင် ကိုယ့် ကွန်ပျူတာထဲမှာ Git ကို သုံးပြီး အလုပ်လုပ်တယ်။ ပြီးတော့ အဲ့ဒီ အလုပ်တွေကို Online ပေါ်က GitHub လို နေရာမျိုးမှာ လှမ်းပြီး သိမ်းဆည်းတာ ဖြစ်ပါတယ် ခင်ဗျာ။