ဆွေးနွေးခြင်း နှင့် ပိုကောင်းအောင် ပြုပြင်ခြင်း
PR ဖွင့်ပြီးရင် ဘာဆက်ဖြစ်မလဲ?
Section titled “PR ဖွင့်ပြီးရင် ဘာဆက်ဖြစ်မလဲ?”ကိုယ့် PR လေး ဖွင့်လိုက်ပြီ ဆိုတာနဲ့ Team Members တွေ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ Reviewers တွေဆီကို အကြောင်းကြားစာ ရောက်သွားပါလိမ့်မယ်။ သူတို့က GitHub ပေါ်က PR ရဲ့ “Files changed” ကို ဝင်ကြည့်ပြီး ကိုယ့် Code တွေကို စတင် Review လုပ်ကြပါမယ်။
ပြန်စစ်ခြင်းရဲ့ အဓိက အချက်: Feedback ပေးခြင်းနှင့် ဆွေးနွေးခြင်း
Section titled “ပြန်စစ်ခြင်းရဲ့ အဓိက အချက်: Feedback ပေးခြင်းနှင့် ဆွေးနွေးခြင်း”ပြန်စစ်သူတွေက ဘာတွေ ကြည့်ကြသလဲ?
Section titled “ပြန်စစ်သူတွေက ဘာတွေ ကြည့်ကြသလဲ?”- ကိုယ်ရေးထားတဲ့ Code က ရည်ရွယ်ထားတဲ့အတိုင်း မှန်မှန်ကန်ကန် အလုပ်လုပ်ရဲ့လား?
- သိသာထင်ရှားတဲ့ Bugs (အမှားများ) ပါနေသလား?
- Code က ရှင်းလင်းမှု ရှိရဲ့လား၊ သူများ ဖတ်ရင်ရော နားလည်လွယ်ရဲ့လား?
- အဖွဲ့ရဲ့ Team Conventions (လိုက်နာရမယ့် စည်းကမ်းများ) သို့မဟုတ် Best Practices တွေနဲ့ ကိုက်ညီရဲ့လား?
- အခုရေးထားတဲ့ နည်းလမ်းထက် ပိုကောင်းတဲ့ တခြားနည်းလမ်း တွေ ရှိသေးလား?
Feedback ပေးခြင်း
Section titled “Feedback ပေးခြင်း”Reviewers တွေက Code ရဲ့ သီးခြား Line တွေပေါ်မှာ Comments လေးတွေ ပေးနိုင်ပါတယ်။ မေးခွန်းတွေ မေးတာ၊ ဒါမှမဟုတ် ဘယ်လိုလေး ပြင်လိုက်ရင် ပိုကောင်းမယ်ဆိုတာ အကြံပြုတာမျိုးတွေ လုပ်နိုင်ပါတယ်။ အားလုံး အဆင်ပြေရင် PR ကို Approve လုပ်ပေးနိုင်သလို၊ လိုအပ်ရင် ထပ်ပြင်ပေးဖို့ Request Changes လည်း လုပ်နိုင်ပါတယ်။
PR ဖွင့်သူ (Author) အနေနဲ့ ကိုယ့်ရဲ့ တာဝန်
Section titled “PR ဖွင့်သူ (Author) အနေနဲ့ ကိုယ့်ရဲ့ တာဝန်”- Reviewers တွေ ပေးထားတဲ့ Feedback တွေကို ဂရုတစိုက် ဖတ်ပါ။
- Comments တွေကို ပြန်ဖြေပါ၊ မေးခွန်းတွေ မေးထားရင် ရှင်းပြပေးပါ။
တကယ်လို့ ပြင်ဆင်ဖို့ လိုအပ်လာပြီ ဆိုရင်တော့ -
ကိုယ့်ရဲ့ local feature branch ပေါ်မှာပဲ ပြင်ဆင်မှုတွေ လုပ်ပါ၊ commit လုပ်ပါ၊ ပြီးရင် အဲ့ဒီ Branch ကိုပဲ ပြန်ပြီး git push ထပ်လုပ်လိုက်ပါ။ GitHub ပေါ်က ကိုယ့် PR က အလိုအလျောက် Update ဖြစ်သွားပါလိမ့်မယ်။
ဒါက စာတည်းမှူးက ကိုယ့် စာမူကို Feedback ပြန်ပေးတာနဲ့ တူပါတယ်။ ကိုယ်က အဲ့ဒီ Feedback အတိုင်း ပြင်ဆင်ပြီး Updated Version ကို ပြန်တင်ပြလိုက်တာမျိုးပါပဲ ခင်ဗျာ။