Skip to content
GitHub

Local & Remote Projects ချိတ်ဆက်ခြင်း

အဆင့် (၁): GitHub တွင် Repository အသစ် ဖန်တီးခြင်း

Section titled “အဆင့် (၁): GitHub တွင် Repository အသစ် ဖန်တီးခြင်း”
  1. GitHub.com သို့ သွားပြီး Login ဝင်ပါ။
  2. ညာဘက် အပေါ်ထောင့်က ”+” ကို နှိပ်ပြီး “New repository” ကို ရွေးပါ။
  3. Repository name တစ်ခု ပေးပါ (ဥပမာ - my-first-repo)။
  4. Visibility ကို “Public” ရွေးပါ။
  1. “Create repository” ကို နှိပ်ပါ။
  2. ပြီးရင် GitHub က ပေးလာတဲ့ URL (ဥပမာ - https://github.com/YourUsername/my-first-repo.git) ကို Copy ကူးထားပါ။

အဆင့် (၂): Local Repo နှင့် Remote ချိတ်ဆက်ခြင်း

Section titled “အဆင့် (၂): Local Repo နှင့် Remote ချိတ်ဆက်ခြင်း”

git remote add Command က Local Repository ကို GitHub Repository နဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

Bash
git remote add <nickname> <remote-url>
  • <nickname> : Remote အတွက် အလွယ်ခေါ်မယ့် နာမည် (များသောအားဖြင့် origin လို့ သုံးလေ့ရှိပါတယ်)
  • <remote-url> : အဆင့် (၁) က Copy ကူးထားတဲ့ URL

ဥပမာ:

Bash
git remote add origin https://github.com/YourUsername/my-first-repo.git

အဆင့် (၃): ချိတ်ဆက်မှု စစ်ဆေးခြင်း

Section titled “အဆင့် (၃): ချိတ်ဆက်မှု စစ်ဆေးခြင်း”

Terminal မှာ git remote -v လို့ ရိုက်ပြီး စစ်ဆေးနိုင်ပါတယ်။ origin နာမည်နဲ့ GitHub URL တွေက “fetch” နဲ့ “push” ဆိုပြီး (၂) ကြောင်း ပြနေရင် ချိတ်ဆက်မှု အောင်မြင်သွားပါပြီ ခင်ဗျာ။

remote checking