အရေးကြီးမှတ်တိုင်များ - Releases များကို Tagging လုပ်ခြင်း
ထူးခြားသော အချိန်များကို မှတ်သားခြင်း: git tag
Section titled “ထူးခြားသော အချိန်များကို မှတ်သားခြင်း: git tag”Tag ဆိုတာ ဘာလဲ?
- သတ်မှတ်ထားတဲ့ Commit တစ်ခုကို တိတိကျကျ ညွှန်ပြပေးတဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။
- History မှာ အဓိပ္ပာယ်ရှိတဲ့ အရေးကြီး Point တစ်ခုကို မှတ်သားဖို့ အဓိက သုံးပါတယ်။
- ဥပမာ - Version အသစ် ထုတ်ဝေမှုများ (Releases:
v1.0,v2.0.1)။
ဘာကြောင့် သုံးရသလဲ?
- Code ရဲ့ တိကျတဲ့ Version တွေကို နောက်ပိုင်းမှာ လွယ်လွယ်ကူကူ ပြန်ရှာဖွေနိုင်ဖို့။
- အခြားသူတွေကို Code ရဲ့ သတ်မှတ်ထားတဲ့ နေရာဆီ ပြန်ညွှန်းပေးဖို့ လွယ်ကူစေရန်။
Project History ဆိုတဲ့ စာအုပ်ကြီးထဲက အရေးကြီးတဲ့ စာမျက်နှာတစ်ခုပေါ်မှာ Bookmark လေး ညှပ်ထားသလိုပါပဲ ခင်ဗျာ။
Tags များ ဖန်တီးခြင်း
Section titled “Tags များ ဖန်တီးခြင်း”1. ရိုးရှင်းသော Tag (Lightweight Tag)
လက်ရှိ HEAD ရောက်နေတဲ့ Commit ကို Tag လုပ်ခြင်း -
git tag v1.0.0ကိုယ်လိုချင်တဲ့ သတ်မှတ်ထားတဲ့ Commit ကို Tag လုပ်ခြင်း -
git tag v1.0.0 <commit-hash>2. အချက်အလက်ပါသော Tag (Annotated Tags)
(Release တွေအတွက် Message ပါတဲ့ ဒီနည်းလမ်းကို ပိုပြီး အကြံပြုပါတယ်)
git tag -a v1.0.0 -m "Version 1.0.1 release with bug fixes"Tags များကို ကြည့်ရှုခြင်း
Section titled “Tags များကို ကြည့်ရှုခြင်း”လက်ရှိ ဖန်တီးထားတဲ့ Tags တွေ အားလုံးကို ကြည့်ချင်ရင် -
git tagTags များကို မျှဝေခြင်း (Remote သို့ Push လုပ်ခြင်း)
Section titled “Tags များကို မျှဝေခြင်း (Remote သို့ Push လုပ်ခြင်း)”Tag သတ်မှတ်ပြီးပြီ ဆိုပေမဲ့၊ အဲ့ဒီ Tags တွေက Commits တွေလိုပဲ Local စက်ထဲမှာပဲ ရှိနေသေးတာ ဖြစ်ပါတယ်။ အွန်လိုင်း (Remote) ပေါ်ကို တင်ချင်တယ်ဆိုရင်တော့ -
သတ်မှတ်ထားတဲ့ Tag တစ်ခုတည်းကို Push လုပ်ခြင်း
git push origin v1.0.0Local မှာရှိတဲ့ Tag အားလုံးကို တစ်ပြိုင်နက် Push လုပ်ခြင်း
git push origin --tags