Skip to content
GitHub

Branches များကို Merge လုပ်ခြင်း

Merging ဆိုတာ ဘာလဲ? (အလုပ်များကို စုစည်းခြင်း)

Section titled “Merging ဆိုတာ ဘာလဲ? (အလုပ်များကို စုစည်းခြင်း)”

Feature အသစ် ရေးတာ ဒါမှမဟုတ် Bug ပြင်တာတွေ ပြီးသွားပြီ ဆိုရင်၊ ခွဲထွက်ထားတဲ့ Branch က ပြောင်းလဲမှုတွေကို Project ရဲ့ အဓိက Branch (main) ထဲကို ပြန်ထည့်ဖို့ လိုပါတယ်။ ဒါကို Merging လုပ်တယ်လို့ ခေါ်ပါတယ်။ သီးခြား လုပ်ထားတဲ့ အလုပ်တွေကို အဓိက Code ထဲကို စုစည်းလိုက်တဲ့ သဘောပါပဲ။

git merge <branch-name> ဖြင့် ပေါင်းစပ်ခြင်း

Section titled “git merge <branch-name> ဖြင့် ပေါင်းစပ်ခြင်း”

Merge ဘယ်လို လုပ်ရမလဲ ဆိုရင် -

  • ပထမဆုံး ကိုယ် ပြောင်းလဲမှုတွေ ထည့်သွင်းချင်တဲ့ အဓိက Branch ဆီ အရင် သွားရပါမယ်။ (ဥပမာ - git switch main)
  • အဲ့ဒီကို ရောက်ပြီဆိုရင် git merge add-user-login လို့ ရိုက်လိုက်ပါ။ ဒီ Command က “add-user-login” Branch က ပြောင်းလဲမှုတွေကို လက်ရှိ ရောက်နေတဲ့ “main” Branch ထဲ ပေါင်းထည့်ပေးသွားမှာ ဖြစ်ပါတယ်။
mergin branches

Merge အလုပ်လုပ်ပုံ

Section titled “Merge အလုပ်လုပ်ပုံ”

များသောအားဖြင့် git merge Command ကို ရိုက်လိုက်တာနဲ့ Git က Branch နှစ်ခုရဲ့ ပြောင်းလဲမှုတွေကို အလိုအလျောက် ပေါင်းစပ်ပေးပါတယ်။ တချို့ အခြေအနေတွေမှာတော့ Merge လုပ်လိုက်ပြီ ဆိုတဲ့ မှတ်တမ်းအနေနဲ့ Commit အသစ်တစ်ခုကို အလိုအလျောက် ဖန်တီးပေးလေ့ ရှိပါတယ် ခင်ဗျာ။

git merge