Skip to content
GitHub

Published Commits များကို ပြန်ပြင်ခြင်း

Commit ကို ပြန်ပြင်ခြင်း: git revert

Section titled “Commit ကို ပြန်ပြင်ခြင်း: git revert”

git revert ဆိုတာ ဘာလဲ?

  • အရင် Commit တစ်ခုရဲ့ ပြောင်းလဲမှုတွေကို ပြန်လည် ပယ်ဖျက်ပေးတဲ့ Commit အသစ်တစ်ခုကို ဖန်တီးပေးတာ ဖြစ်ပါတယ်။
  • History ထဲက အရင် Commit အဟောင်းကို လုံးဝ မဖျက်ပစ်ပါဘူး။
  • မူလ Commit ရဲ့ ဆန့်ကျင်ဘက် ပြောင်းလဲမှုတွေ ပါဝင်တဲ့ Commit အသစ်တစ်ခုကို History မှာ ထပ်ထည့်ပေးလိုက်တာပါ။

ဘာကြောင့် သုံးရသလဲ?

  • push လုပ်ပြီးသား History ကို တခြားသူတွေပါ အသုံးပြုနေနိုင်တဲ့အတွက်၊ ပြဿနာရှိတဲ့ Commit ကို တိုက်ရိုက် ဖျက်ပစ်မယ့်အစား (Reset လုပ်မယ့်အစား) Revert နဲ့ Commit အသစ် ဖန်တီးပြီး ပြန်ပြင်တာက အလုံခြုံဆုံး ဖြစ်ပါတယ်။
  • Commit History ကို မဖျက်ဘဲ မူလအတိုင်း ထိန်းသိမ်းထားနိုင်လို့ စိတ်အချရဆုံး နည်းလမ်း ဖြစ်ပါတယ်။

1. ပြန်ပြင်လိုတဲ့ Commit ID ကို ရှာပါ

  • git log သုံးပြီး ပြန်ပြင်ချင်တဲ့ Commit ရဲ့ Hash ID ကို ရှာပါ (ဥပမာ - a1b2c3d)။

2. Revert လုပ်ပါ

Bash
git revert <commit ID>

3. Commit Message ရေးပါ

  • Git က Commit Message ရေးဖို့ Text Editor ဖွင့်ပေးပါလိမ့်မယ်။
  • များသောအားဖြင့် Revert "original commit message" ဆိုပြီး အဆင်သင့် ရေးပေးထားပြီးသား ဖြစ်ပါတယ်။
  • အဆင်ပြေရင် Save လုပ်ပြီး ပိတ်လိုက်ပါ။

4. Push လုပ်ပါ

  • git push သုံးပြီး Revert လုပ်ထားတဲ့ Commit အသစ်ကို အွန်လိုင်းပေါ် တင်လိုက်ပါ။

revert နဲ့ reset ကွာခြားချက်

Section titled “revert နဲ့ reset ကွာခြားချက်”

revert - Shared Branch တွေအတွက် စိတ်ချရပါတယ်

  • History ကို မဖျက်ဘဲ ပြန်ပြင်မယ့် Commit အသစ်ကို ထပ်ထည့်ပေးတာမို့ လုံခြုံပါတယ်။

reset - Shared Branch တွေအတွက် အလွန် အန္တရာယ်များပါတယ်

  • History တွေကို ပြန်ပြင်ရေး (Rewrite) လုပ်ပစ်တာမို့၊ တခြား အတူလုပ်နေသူတွေရဲ့ မှတ်တမ်းတွေနဲ့ ကွဲလွဲပြီး ပြဿနာ အကြီးကြီး ဖြစ်နိုင်ပါတယ်။