Skip to content
GitHub

Advanced Techniques and Quick Fixes

Quick Fixes - Commit ပြင်ခြင်းနှင့် Local Changes ကို Undo လုပ်ခြင်း

Section titled “Quick Fixes - Commit ပြင်ခြင်းနှင့် Local Changes ကို Undo လုပ်ခြင်း”

နောက်ဆုံး Commit ကို ပြင်ချင်တာ၊ File တစ်ခုခု ထပ်ထည့်ချင်တာ ဒါမှမဟုတ် Commit Message စာလုံးပေါင်း မှားသွားတာတွေကို ဒီ Command နဲ့ ပြင်ဆင်နိုင်ပါတယ်။

ဘယ်လို လုပ်မလဲ?

အကယ်၍ File တစ်ခု ထည့်ဖို့ မေ့သွားတယ်ဆိုရင် -

Bash
git add <file name>
git commit --amend

ဒါက File တစ်ခုကို Stage မှာ ထည့်ထားရာကနေ ပြန်ဖြုတ်တာပါ။ File ထဲက Changes တွေကတော့ မပျောက်သွားပါဘူး။ git add လုပ်ပြီးမှ မှားသွားတာတွေကို Unstage ပြန်လုပ်ချင်ရင် သုံးပါတယ်။

Command: git reset HEAD <file နာမည်>

(အကုန်လုံးကို Unstage လုပ်ချင်ရင်တော့ git reset HEAD လို့ သုံးပါ)

git checkout -- <file> (သတိထားပြီး သုံးပါ)

Section titled “git checkout -- <file> (သတိထားပြီး သုံးပါ)”

ဒါက File တစ်ခုထဲက လက်ရှိ ပြင်ထားတဲ့ Changes တွေကို လုံးဝ ပယ်ဖျက်ပစ်လိုက်တာပါ။ File ကို နောက်ဆုံး Commit (HEAD) အတိုင်း ပြန်ပြောင်းပေးပါတယ်။

File ထဲမှာ ပြင်ထားတာတွေ မလိုချင်တော့ဘူးဆိုရင် သုံးနိုင်ပါတယ်။

Command: git checkout -- <file နာမည်>