Repository များကို ကူးယူခြင်း (Cloning)
Cloning ဆိုတာဘာလဲ?
Section titled “Cloning ဆိုတာဘာလဲ?”Cloning ဆိုတာ အွန်လိုင်းပေါ်က Repository တစ်ခုလုံးကို ကိုယ့်ကွန်ပျူတာထဲသို့ ကူးယူလိုက်တာပါ။ ၎င်းတွင်:
- ဖိုင်အားလုံး
- မှတ်တမ်းအားလုံး (history)
Branchအားလုံး- Remote နှင့် ချိတ်ဆက်မှု (
originအဖြစ် အလိုအလျောက် ချိတ်ဆက်ပေး)
ဘာကြောင့် Clone လုပ်ကြလဲ?
Section titled “ဘာကြောင့် Clone လုပ်ကြလဲ?”- ရှိပြီးသား
Projectတစ်ခုကို စတင်အလုပ်လုပ်ရန် Open-source Projectများကို ကူညီရေးသားရန်- အဖွဲ့ဝင်များ၏
Codeကို ကြည့်ရှုလေ့လာရန်
Clone လုပ်နည်း
Section titled “Clone လုပ်နည်း”အခြေခံ command ပုံစံ:
git clone <remote-url>လုပ်ဆောင်ရန် အဆင့်များ
Section titled “လုပ်ဆောင်ရန် အဆင့်များ”- Repository URL ရယူပါ
- GitHub, GitLab စသည့် ဝဘ်ဆိုဒ်များမှ
"Code"သို့မဟုတ်"Clone"ခလုတ်ကိုနှိပ်ပြီး URL ကို ကူးယူပါ
- GitHub, GitLab စသည့် ဝဘ်ဆိုဒ်များမှ
Terminalဖွင့်ပါ- ကူးယူလိုသော နေရာသို့ သွားပါ (ဥပမာ - cd Documents/ )
Cloneလုပ်ပါ- အောက်ပါ command ကိုရိုက်ပါ:
git clone https://github.com/SomeUser/SomeAwesomeProject.gitဒီ command က Project အမည်ဖြင့် Folder အသစ်တစ်ခု ဖန်တီးပြီး Repository တစ်ခုလုံးကို ထည့်သွင်းပေးပါမည်။
လက်တွေ့စမ်းသပ်ကြည့်ရန်
Section titled “လက်တွေ့စမ်းသပ်ကြည့်ရန်”GitHub မှာ စိတ်ဝင်စားဖွယ် Repository တစ်ခုရှာပြီး HTTPS clone URL ကို ကူးယူပါ။ ကိုယ့် Terminal မှာ git clone <URL> လို့ရိုက်ပြီး ရလာတဲ့ folder ကို ဖွင့်ကြည့်ပါ။ Repository တစ်ခုလုံး ကိုယ့်စက်ထဲ ရောက်လာတာ တွေ့ရပါလိမ့်မယ်။