Pulling လုပ်ခြင်း
Pulling ဆိုတာ ဘာလဲ?
Section titled “Pulling ဆိုတာ ဘာလဲ?”Git Pull ဆိုတာ Online (Remote) Repository ကနေ အပြောင်းအလဲတွေကို ကိုယ့်ကွန်ပျူတာထဲ ဆွဲယူပြီး ကိုယ့် Project ထဲ ပေါင်းထည့်လိုက်တာပါ။
အရေးကြီးတဲ့ အချက်များ
Section titled “အရေးကြီးတဲ့ အချက်များ”- အဖွဲ့လိုက် အလုပ်လုပ်တဲ့အခါ အခြားသူတွေရဲ့ အပြောင်းအလဲတွေကို ရယူနိုင်ဖို့
- ကွန်ပျူတာ မတူတာတွေနဲ့ အလုပ်လုပ်တဲ့အခါ ကိုယ့်အလုပ်တွေကို sync လုပ်ဖို့
Pull လုပ်နည်း
Section titled “Pull လုပ်နည်း”အခြေခံ command ပုံစံ:
git pull <remote-name> <branch-name>
ဥပမာ:
git pull origin main
ဒါက origin လို့ နာမည်ပေးထားတဲ့ Remote က main branch က changes တွေကို ဆွဲယူပြီး ကိုယ့် local branch ထဲ ပေါင်းထည့်လိုက်တာပါ။
Git Pull က ဘယ်လို အလုပ်လုပ်လဲ?
Section titled “Git Pull က ဘယ်လို အလုပ်လုပ်လဲ?”Git Pull
က အဓိက အဆင့် ၂ ဆင့် လုပ်ဆောင်ပါတယ်:
git fetch
: Remote ကနေ changes တွေကို download လုပ်ယူgit merge
: ဆွဲယူထားတဲ့ changes တွေကို ကိုယ့် branch ထဲ ပေါင်းထည့်
လက်တွေ့စမ်းသပ်ကြည့်ရန်
Section titled “လက်တွေ့စမ်းသပ်ကြည့်ရန်”- GitHub မှာ ကိုယ့် Repository ကို ဖွင့်ပြီး
README.md
file ကို ပြင်ဆင်ပါ - GitHub မှာပဲ Commit လုပ်လိုက်ပါ
- ကိုယ့် Local Terminal မှာ
git pull origin main
လို့ ရိုက်ပါ - ကိုယ့် Local က
README.md file
ကို ဖွင့်ကြည့်ပါ - GitHub မှာ ပြင်ခဲ့တဲ့ အပြောင်းအလဲတွေ ရောက်လာပါပြီ