Local & Remote Projects ချိတ်ဆက်ခြင်း
အဆင့် ၁: GitHub မှာ Repository တစ်ခု ဖန်တီးပါ
Section titled “အဆင့် ၁: GitHub မှာ Repository တစ်ခု ဖန်တီးပါ”- GitHub.com ကို သွားပြီး Login ဝင်ပါ
- ညာဘက်အပေါ်ထောင့်က ”+” ကိုနှိပ်ပြီး “New repository” ကိုရွေးပါ
- Repository name ပေးပါ (ဥပမာ -
my-first-repo
) - Visibility ကို “Public” ရွေးပါ
- “Create repository” ကိုနှိပ်ပါ
- GitHub က ပေးတဲ့ URL (ဥပမာ -
https://github.com/YourUsername/my-first-repo.git
) ကို Copy ကူးထားပါ
အဆင့် ၂: Local Repo ကို Remote နဲ့ ချိတ်ဆက်ပါ
Section titled “အဆင့် ၂: Local Repo ကို Remote နဲ့ ချိတ်ဆက်ပါ”git remote add
command က Local Repository ကို GitHub Repository နဲ့ ချိတ်ဆက်ပေးပါတယ်။
git remote add <nickname> <remote-url>
<nickname>
: Remote အတွက် အလွယ်မှတ်ခေါ်ခေါ် (များသောအားဖြင့်origin
သုံးပါတယ်)<remote-url>
: အဆင့် ၁ က Copy ကူးထားတဲ့ URL
ဥပမာ:
git remote add origin https://github.com/YourUsername/my-first-repo.git
အဆင့် ၃: ချိတ်ဆက်မှု စစ်ဆေးပါ
Section titled “အဆင့် ၃: ချိတ်ဆက်မှု စစ်ဆေးပါ”Terminal မှာ git remote -v လို့ရိုက်ပြီး စစ်ဆေးပါ။ origin နာမည်နဲ့ GitHub URL ကို “fetch” နဲ့ “push” အတွက် ပြနေရင် ချိတ်ဆက်မှု အောင်မြင်ပါပြီ။
