Skip to content
GitHub

Installation & Identity

Git ကို Install လုပ်ခြင်း

Section titled “Git ကို Install လုပ်ခြင်း”
  • https://git-scm.com/downloads ကို သွားပါ။

  • ကိုယ်သုံးတဲ့ ကွန်ပျူတာ စနစ် (Windows, macOS, Linux) အတွက် Installer ကို Download လုပ်ပြီး သွင်းပါ။ များသောအားဖြင့် Default Setting တွေက အဆင်ပြေပါတယ်။

  • သွင်းပြီးတာ သေချာလားဆိုတာ စစ်ဖို့ Terminal (ဒါမှမဟုတ် Windows မှာ Git Bash) ကို ဖွင့်ပြီး git —version လို့ ရိုက်ကြည့်ပါ။ Version နံပါတ် ပေါ်လာပြီဆိုရင် ရပါပြီ။

Git ကိုယ်ပိုင်အချက်အလက်

Section titled “Git ကိုယ်ပိုင်အချက်အလက်”

Git က ကိုယ်လုပ်လိုက်တဲ့ ပြောင်းလဲမှု (Commit) တိုင်းမှာ လုပ်တဲ့သူရဲ့ နာမည်နဲ့ Email ကို တံဆိပ်နှိပ်ထားပါတယ်။ ဒါက အရမ်း အရေးကြီးပါတယ်။ (Blame ဖို့မဟုတ်ဘူးနော်)

အထူးသဖြင့် Team နဲ့ အလုပ်လုပ်တဲ့အခါ ဘယ်သူက ဘာကို ပြောင်းလဲခဲ့လဲဆိုတာ သိရဖို့ပါ။

Bash
git config --global user.name "Your Name"
git config --global user.email "your.email@example.com"

—global ဆိုတာက ကိုယ့် ကွန်ပျူတာထဲက Project အားလုံးအတွက် သတ်မှတ်လိုက်တာပါ။

Repository (Repo) ဆိုတာ ဘာလဲ?

Git Repository ဆိုတာ ကိုယ့် Project ရဲ့ ဖိုင်တွေ အားလုံးနဲ့ သူတို့ ပြောင်းလဲခဲ့တဲ့ သမိုင်းကြောင်း အစအဆုံးကို Git က မှတ်တမ်းတင်ထားတဲ့ Folder တစ်ခုပါ။

ဥပမာ: ကိုယ့် Project ရဲ့ သီးသန့် “ထိန်းချုပ်ရေးစင်တာ” ဒါမှမဟုတ် “မှတ်တမ်းရုံး” လို သဘောထားလို့ရတယ်။

Repository ဖန်တီးခြင်း git init Command

Section titled “Repository ဖန်တီးခြင်း git init Command”

git init ဆိုတာ ပုံမှန် Folder တစ်ခုကို Git Repository အဖြစ် ပြောင်းလဲပေးတဲ့ Command ပါ။

Git က အဲဒီ Folder ထဲမှာ ပြောင်းလဲမှုတွေကို စတင် မှတ်တမ်းတင်ဖို့ လိုအပ်တဲ့ ဖိုင်တွေ (Hidden Files) ကို ပြင်ဆင်ပေးပါတယ်။

ဘယ်လိုလုပ်မလဲ (Terminal မှာ):

-ကိုယ့် Project Folder ထဲကို သွားပါ: cd path/to/your/project (ဥပမာ- cd Documents/my-project)

  • အောက်က Command ကို ရိုက်ပါ: git init

  • အဲဒီအခါ Terminal မှာ Initialized empty Git repository in /path/to/your/project/.git/ လိုမျိုး ပြပါလိမ့်မယ်

git init command

git init ကို သုံးလိုက်ရင် Hidden ဖြစ်နေတဲ့ .git Folder တစ်ခု ပေါ်လာပါမယ်။ ဒါဟာ Git က ကိုယ့် Project ရဲ့ မှတ်တမ်းတွေ အားလုံးကို သိမ်းထားတဲ့ နေရာပါ။

သတိထားရမှာက: ဒီ Folder ကို ကိုယ်တိုင် သွားပြင်တာ ဒါမှမဟုတ် ဖျက်တာမျိုး လုံးဝ မလုပ်ပါနဲ့! Git ကပဲ သူ့ဘာသာ စီမံပါတယ်။

.git folder