အဖွဲ့လိုက် အလုပ်လုပ်ပုံ
အခြေခံ Workflow
Section titled “အခြေခံ Workflow”လူအများကြီးက Code တွေ ရေးတဲ့အခါ main branch ကို တိုက်ရိုက် push
လုပ်တာက ရှုပ်ထွေးသွားစေနိုင်ပြီး Code တွေ ပျက်စီးသွားတတ်တယ်။ အဲဒီအတွက် အပြောင်းအလဲတွေကို အဖွဲ့လိုက် စနစ်တကျ တင်ပြဖို့နဲ့ ပေါင်းစပ်ဖို့ စီမံထားတဲ့ နည်းလမ်းတစ်ခု လိုအပ်တယ်။
Feature Branch Workflow (ရိုးရှင်းတဲ့ “GitHub Flow” ပုံစံ)
Section titled “Feature Branch Workflow (ရိုးရှင်းတဲ့ “GitHub Flow” ပုံစံ)”ဒါက အဖွဲ့လိုက် အလုပ်လုပ်ဖို့အတွက် အရမ်း အသုံးများပြီး အကျိုးရှိတဲ့ နည်းလမ်းတစ်ခုပါ။
-
main ကနေ အမြဲ စပါ
- ကိုယ့် local main branch က remote main နဲ့ up-to-date ဖြစ်နေဖို့ သေချာပါစေ။
git switch main
ပြီးရင်git pull origin main
-
branch အသစ် တစ်ခု ဖန်တီးပါ
- အလုပ်အသစ် (feature, bug fix, experiment) တစ်ခုခု လုပ်တော့မယ်ဆိုရင် main ကနေ branch အသစ်တစ်ခု ခွဲပါ
git switch -c <branch-name>
-
ကိုယ့်အလုပ်တွေကို အဲဒီ branch မှာလုပ်ပါ
- ပြောင်းလဲမှုများ ပြုလုပ်ပြီး commit လုပ်ပါ
- အသေးစား commit များများ လုပ်ပါ
-
ကိုယ့် branch ကို
push
လုပ်ပါ (main ကို မဟုတ်ဘူးနော်!)git push -u origin feature-name
- ( -u ကို ဒီ branch အတွက် ပထမဆုံးအကြိမ်
push
လုပ်တဲ့အခါ သုံးပါ )
-
main branch ကိုမထိဘဲ Clean ဖြစ်နေမယ်
- ဒီ အဆင့်ဆင့် တစ်လျှောက်လုံးမှာ remote ပေါ်က main branch ကို ကိုယ်တိုက်ရိုက်
push
လုပ်တာတွေ မရှိပါဘူး
- ဒီ အဆင့်ဆင့် တစ်လျှောက်လုံးမှာ remote ပေါ်က main branch ကို ကိုယ်တိုက်ရိုက်