Skip to content
GitHub

ဆွေးနွေးခြင်း နှင့် ပိုကောင်းအောင် ပြုပြင်ခြင်း

PR ဖွင့်ပြီးရင် ဘာဖြစ်လဲ?

Section titled “PR ဖွင့်ပြီးရင် ဘာဖြစ်လဲ?”

ကိုယ့် Pull Request (PR) လေး ဖွင့်လိုက်ပြီဆိုတာနဲ့ Team members ဒါမှမဟုတ် သတ်မှတ်ထားတဲ့ reviewers ဆီကို အကြောင်းကြားစာ ရောက်သွားပါမယ်။ သူတို့က GitHub ပေါ်က PR ထဲမှာ ရှိတဲ့ “Files changed” ထဲကို ကြည့်ပြီး ကိုယ့် code တွေကို review ကြပါလိမ့်မယ်။

ပြန်စစ်ခြင်းရဲ့ အဓိက အချက်: Feedback (အကြံဉာဏ်) ပေးခြင်းနှင့် ဆွေးနွေးခြင်း။

Section titled “ပြန်စစ်ခြင်းရဲ့ အဓိက အချက်: Feedback (အကြံဉာဏ်) ပေးခြင်းနှင့် ဆွေးနွေးခြင်း။”

ပြန်စစ်သူတွေက ဘာတွေ ကြည့်ကြလဲ:

Section titled “ပြန်စစ်သူတွေက ဘာတွေ ကြည့်ကြလဲ:”
  • ကိုယ်ရေးထားတဲ့ code က ရည်ရွယ်ထားတဲ့အတိုင်း အလုပ်လုပ်ရဲ့လား?
  • သိသာထင်ရှားတဲ့ bugs (အမှားများ) တစ်ခုခု ပါနေလား?
  • code က ရှင်းရှင်းလင်းလင်း ရှိရဲ့လား၊ နားလည်ဖို့ လွယ်ရဲ့လား?
  • အဖွဲ့ရဲ့ team conventions (အဖွဲ့လိုက် လိုက်နာရမယ့် စည်းကမ်းများ) ဒါမှမဟုတ် best practices နဲ့ ကိုက်ညီရဲ့လား?
  • အခု လုပ်ထားတဲ့ နည်းထက် ပိုကောင်းတဲ့ တခြား လုပ်နည်းတွေ ရှိသေးလား?

reviewers တွေက code ရဲ့ specific lines ပေါ်မှာ comments ပေးထားလို့ ရပါတယ်။ သူတို့က မေးခွန်း မေးတာ ဒါမှမဟုတ် changes တွေ ဘယ်လို လုပ်သင့်တယ်ဆိုတာ အကြံပြုတာမျိုး လုပ်နိုင်တယ်။** reviewers** တွေက PR ကို approve လုပ်လို့ ရသလို changes တွေ ထပ်လုပ်ဖို့ request တာမျိုးလည်း လုပ်နိုင်တယ်။

PR Author (PR ဖွင့်သူ) အနေနဲ့ ကိုယ့်ရဲ့ တာဝန်:

Section titled “PR Author (PR ဖွင့်သူ) အနေနဲ့ ကိုယ့်ရဲ့ တာဝန်:”
  • reviewers တွေ ပေးတဲ့ feedback ကို ဂရုတစိုက် ဖတ်ပါ။
  • comments တွေကို ပြန်ဖြေပါ၊ မေးခွန်းတွေကို ဖြေပေးပါ။

အကယ်၍ changes လုပ်ဖို့ လိုအပ်တယ်ဆိုရင် ကိုယ့်ရဲ့ local feature branch ပေါ်မှာ ပြင်ဆင်ပါ၊ commit လုပ်ပါ၊ ပြီးတော့ အဲဒီ branch ကိုပဲ ပြန်ပြီး git push လုပ်လိုက်ပါ။ GitHub ပေါ်က ကိုယ့် PR က အလိုအလျောက် update သွားပါလိမ့်မယ်။

ဒါက စာတည်းက ကိုယ့် စာအုပ်အခန်းကို feedback ပြန်ပေးတာနဲ့ တူပါတယ်။ ကိုယ်က အဲဒီ feedback အတိုင်း ကိုယ့်အခန်းကို ပြန်ပြင်ပြီး updated version ကို ပြန်တင်ပြလိုက်တာပေါ့။