Merge Conflicts များကို ဖြေရှင်းခြင်း
Merge Conflict ဆိုတာ ဘာလဲ?
Section titled “Merge Conflict ဆိုတာ ဘာလဲ?”Merge Conflict ဆိုတာ Branch နှစ်ခုက တူညီတဲ့ ဖိုင်ထဲမှာ တူညီတဲ့ နေရာကို တစ်ယောက်တစ်မျိုးစီ ပြင်ထားတဲ့အခါ ဖြစ်ပါတယ်။ ဥပမာ - Branch A နဲ့ B က တူညီတဲ့ စာကြောင်းကို မတူညီတဲ့ ပုံစံနဲ့ ပြင်ထားတာ၊ သို့မဟုတ် Branch တစ်ခုက ဖိုင်ကို ဖျက်ပြီး နောက်တစ်ခုက ပြင်ထားတာမျိုး။ Git က ဘယ်ဟာကို ယူရမှန်း မသိတော့ပါ။
Conflict ဖြစ်နေပြီလား ဘယ်လိုသိမလဲ
Section titled “Conflict ဖြစ်နေပြီလား ဘယ်လိုသိမလဲ”Merge လုပ်ရင် Git က Terminal မှာ “Conflict” ဖြစ်ကြောင်း ပြပါမယ်။ git status
နဲ့ ကြည့်ရင်လည်း ပြဿနာရှိတဲ့ ဖိုင်တွေကို ပြပါမယ်။
Conflict ဖြေရှင်းနည်း
Section titled “Conflict ဖြေရှင်းနည်း”- ဖိုင်ကို ဖွင့်ပါ: Git က ပြဿနာဖြစ်တဲ့ နေရာကို
<<<<<<<
,=======
,>>>>>>>
အမှတ်အသားတွေနဲ့ ပြထားပါမယ်။ - ပြင်ဆင်ပါ: ဘယ်ကုဒ်ကို ထားမလဲ ဆုံးဖြတ်ပြီး ပြင်ပါ။
<<<<<<<
,=======
,>>>>>>>
အမှတ်အသားတွေ အားလုံးကို ဖျက်ပစ်ပါ။ - Staging ထဲ ထည့်ပါ:
git add <ဖိုင်နာမည်>
နဲ့ ပြင်ပြီးသား ဖိုင်ကို ထည့်ပါ။ - Commit လုပ်ပါ:
git commit
နဲ့ Merge ကို အပြီးသတ်ပါ။ (Git က Commit Message ကို အဆင်သင့် ထည့်ပေးထားပါမယ်)
