Skip to content
GitHub

အရေးကြီးမှတ်တိုင်များ - Releases များကို Tagging လုပ်ခြင်း

ထူးခြားသော အချိန်များကို မှတ်သားခြင်း: git tag

Section titled “ထူးခြားသော အချိန်များကို မှတ်သားခြင်း: git tag”

Tag ဆိုတာ ဘာလဲ?

  • သတ်မှတ်ထားတဲ့ commit တစ်ခုကို ညွှန်ပြတဲ့ အမှတ်အသားတစ်ခုပါ
  • history မှာ အဓိပ္ပာယ်ရှိတဲ့ point တစ်ခုကို မှတ်သားဖို့ သုံးပါတယ်
  • ဥပမာ - releases ထုတ်ဝေမှုများ (v1.0, v2.0.1)

ဘာကြောင့် သုံးရလဲ?

  • Code ရဲ့ တိတိကျကျသတ်မှတ်ထားတဲ့ version များကို လွယ်လွယ်ရှာဖွေနိုင်ရန်
  • နောက်ကျရင် ပြန်ညွှန်းဖို့ လွယ်ကူစေရန်

Project history စာအုပ်ထဲက အရေးကြီး point တစ်ခုပေါ်မှာ အမြဲတမ်း Bookmark ထားသလိုပါ

Tags များ ဖန်တီးခြင်း

Section titled “Tags များ ဖန်တီးခြင်း”

1. ရိုးရှင်းသော Tag

လက်ရှိ commit ကို Tag လုပ်ခြင်း

Bash
git tag v1.0.0

specific commit ကို Tag လုပ်ခြင်း

Bash
git tag v1.0.0 <commit-hash>

2. အချက်အလက်ပါသော Tag (Annotated Tags)

Bash
git tag -a v1.0.0 -m "Version 1.0.1 release with bug fixes"

Tags များကို ကြည့်ရှုခြင်း

Section titled “Tags များကို ကြည့်ရှုခြင်း”
Bash
git tag

Tags များကို မျှဝေခြင်း (Remote သို့ Push လုပ်ခြင်း)

Section titled “Tags များကို မျှဝေခြင်း (Remote သို့ Push လုပ်ခြင်း)”

Tag သတ်မှတ်ပြီးပြီဆိုရင် Tags တွေကလဲ commits တွေလိုပဲ local မှာပဲရှိနေသေးတာ ဖြစ်ပါတယ်။ သူတို့ကို Push ဖို့ဆိုရင်:

သတ်မှတ်ထားတဲ့ Tag တစ်ခုကို Push လုပ်ခြင်း

Bash
git push origin v1.0.0

Tag အားလုံးကို Push လုပ်ခြင်း

Bash
git push origin --tags