အလုပ်များကို ယာယီသိမ်းဆည်းခြင်း
“ဒါလေး ခဏ မှတ်ထားပေးပါ!” - git stash
Section titled ““ဒါလေး ခဏ မှတ်ထားပေးပါ!” - git stash”git stash ဆိုတာ ဘာလဲ?
Section titled “git stash ဆိုတာ ဘာလဲ?”- အလုပ်လုပ်နေတဲ့နေရာထဲက Commit မလုပ်ရသေးတဲ့ အပြောင်းအလဲများကို ယာယီသိမ်းဆည်းပေးတာပါ
- Staged နှင့် Unstaged Changes နှစ်မျိုးလုံးကို သိမ်းပေးပါတယ်
- သိမ်းပြီးနောက် working directory ကို နောက်ဆုံး Commit အတိုင်း ပြန်လုပ်ပေးပါတယ်
ဘာကြောင့် သုံးရလဲ?
Section titled “ဘာကြောင့် သုံးရလဲ?”- အလုပ်တစ်ခု လုပ်နေတုန်း အရေးပေါ် Bug ပြင်ဆင်မှုတစ်ခု တခြား Branch တစ်ခုမှာ ပေါ်လာတဲ့အခါ
- တစ်ဝက်တစ်ပျက် ပြီးတဲ့အလုပ်ကို Commit မလုပ်ချင်သေးဘဲ Branch ပြောင်းဖို့ လိုအပ်တဲ့အခါ
- Pull လုပ်ဖို့ သန့်ရှင်းတဲ့ အခြေအနေတစ်ခု လိုအပ်တဲ့အခါ
အဓိက Stash Commands များ
Section titled “အဓိက Stash Commands များ”1. အပြောင်းအလဲများကို သိမ်းဆည်းခြင်း
git stash push -m "Stash message"
git stash
လို့လည်း ရိုက်နိုင်ပါတယ်
2. သိမ်းဆည်းထားတာတွေကို ကြည့်ခြင်း
git stash list
3. သိမ်းဆည်းထားတာကို ပြန်ယူခြင်း
git stash pop
နောက်ဆုံးသိမ်းထားတာကို ပြန်ယူပြီး စာရင်းကနေ ဖယ်ရှားပေးပါတယ် (Conflicts များရှိရင် သတိထားပါ!)
4. သတ်မှတ်ထားတဲ့ Stash ကို ပြန်ယူခြင်း
git stash apply stash@{1}
သတ်မှတ်ထားတဲ့ Stash ကို ပြန်ယူပေမယ့် စာရင်းထဲမှာ ဆက်ရှိနေပါတယ်
ပြီးတော့ ဖယ်ရှားချင်ရင်:
git stash drop stash@{1}
လက်တွေ့စမ်းသပ်ကြည့်ရန်
Section titled “လက်တွေ့စမ်းသပ်ကြည့်ရန်”- ဖိုင်တစ်ခုခုကို အပြောင်းအလဲတချို့ လုပ်ကြည့်ပါ
git stash push -m "WIP feature X"
လို့ ရိုက်ပါ- အလုပ်လုပ်နေတဲ့နေရာ သန့်ရှင်းသွားတာကို သတိထားပါ (
git status
နဲ့ ကြည့်ပါ) git stash list
လုပ်ကြည့်ပါgit stash pop
လုပ်ကြည့်ပါ (အပြောင်းအလဲတွေ ပြန်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်!)