Published Commits များကို ပြန်ပြင်ခြင်း
Commit ကို ပြန်ပြင်ခြင်း: git revert
Section titled “Commit ကို ပြန်ပြင်ခြင်း: git revert”git revert
ဆိုတာ ဘာလဲ?
- အရင် Commit တစ်ခုရဲ့ ပြောင်းလဲမှုတွေကို ပြန်ဖျက်တဲ့ Commit အသစ်တစ်ခု ဖန်တီးပေးတာပါ
- အရင် Commit ကို မဖျက်ပါဘူး
- ဆန့်ကျင်ဘက် ပြောင်းလဲမှုတွေပါတဲ့ Commit အသစ်တစ်ခု ထပ်ထည့်ပေးတာပါ
ဘာကြောင့် သုံးရလဲ?
push
ပြီးသားမလို့ တခြားသူတွေ သုံးနေနိုင်ပါတယ်။ အဲ့တာကြောင့် pushed ပြီးသား commit ကို တိုက်ရိုက်ပြန်ပြင်မဲ့ အစား အသစ် commit လုပ်ပြီး ပြန်ပြင်တာပါ- commit history တွေကို မဖျက်ဘဲ ထိန်းသိမ်းထားပါတယ်။ စိတ်ချရတဲ့ နည်းလမ်း ဖြစ်ပါတယ်။
ဘယ်လိုလုပ်မလဲ
Section titled “ဘယ်လိုလုပ်မလဲ”-
ပြန်ပြင်လိုတဲ့ Commit ရဲ့ ID ကို ရှာပါ
- git log သုံးပြီး Commit ID ကို ရှာပါ (ဥပမာ - a1b2c3d)
-
Revert လုပ်ပါ
git revert <commit ID>
-
Commit Message ရေးပါ
- Git က Commit Message ရေးဖို့ Editor ဖွင့်ပေးပါမယ်
- များသောအားဖြင့်
Revert 'original Commit Message'
လို့ အဆင်သင့် ရေးပေးထားပါတယ် - save ပြီး ပိတ်လိုက်ပါ
-
push လုပ်ပါ
- git push သုံးပြီး Revert Commit ကို အွန်လိုင်းပေါ် တင်ပါ
revert နဲ့ reset ကွာခြားချက်
Section titled “revert နဲ့ reset ကွာခြားချက်”revert
- shared branch တွေအတွက် စိတ်ချရပါတယ်
- commit အသစ် ထပ်ထည့်ပေးတာပါ
reset
- shared branch တွေအတွက် အန္တရာယ်ရှိပါတယ်
- commits တွေကို rewrite ပြန်ရေးတာမလို့ အတူအလုပ်လုပ်သူတွေကို ရှုပ်ထွေးစေပါတယ်