Rebase vs. Merge - အဓိက ကွာခြားချက်များ အကျဉ်းချုပ်
Merge:
Section titled “Merge:”- မူလ Commit History ကို မပြောင်းလဲပါဘူး။ Branches နှစ်ခု ဘယ်နေရာမှာ ပေါင်းခဲ့တယ်ဆိုတာကို “merge commit” တစ်ခုနဲ့ ပြသပါတယ်။
- Branches တွေက ပုံစံအမျိုးမျိုးနဲ့ ခွဲထွက်ပြီး ပြန်ပေါင်းတဲ့ Graph ပုံစံမျိုး မြင်ရနိုင်ပါတယ်။
- pushed လုပ်ပြီးသား shared Commits များအတွက် ပို Safe ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ commits တွေကို ပြန်ပြင်ရေးတာမျိုး မလုပ်လို့ပါ။
Rebase:
Section titled “Rebase:”- Commits History ကို ပြန်လည်ရေးသားပြီး ခွဲထွက်တာမျိုးမရှိဘဲ တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုက်ဖြစ်ပေါ်ခဲ့သလို ပုံစံဖြစ်အောင် လုပ်ပါတယ်။ Commit တွေကို နေရာအသစ်တစ်ခုပေါ်ကို ရွှေ့လိုက်တာပါ။
- Commit History ကို ပိုပြီး သန့်ရှင်းသပ်ရပ်စေပြီး ဖတ်ရလွယ်ကူစေပါတယ်။ (ဖြောင့်တန်းတဲ့ လိုင်းတစ်ကြောင်းလို ဖြစ်သွားပါတယ်)
- push လုပ်ပြီးသား commits တွေမှာ သုံးရင် အန္တရာယ်ရှိပါတယ်။ ကိုယ့် local မှာပဲ သပ်သပ်ရပ်ရပ်လုပ်ဖို့ ဒါမှမဟုတ် push မလုပ်ခင် ပြင်ဆင်ဖို့အတွက် အကောင်းဆုံးပါ။
