Skip to content
GitHub

Lists

ယေဘုယျအားဖြင့် HTML မှာ List အမျိုးအစား နှစ်မျိုး ဖန်တီးနိုင်ပါတယ် — အဲဒါတွေကတော့ Unordered Lists (Bullet Point List) နဲ့ Ordered Lists (Number List) တို့ပဲ ဖြစ်ပါတယ်။

Unordered list ဆိုတာက Bullet Point တွေနဲ့ ပြတဲ့ List ပါ၊
tag ကိုသုံးပြီး ဖန်တီးရပါတယ်။ အထဲက Item တစ်ခုချင်းစီကိုတော့
tag နဲ့ ထည့်ပေးရပါတယ်။

ဥပမာ

HTML

Item 1

Item 2

Item 3

Ordered list ဆိုတာက နံပါတ်စဉ် တွေနဲ့ ပြတဲ့ List ပါ၊
tag ကိုသုံးပြီး ဖန်တီးရပါတယ်။ List Item တစ်ခုချင်းစီကိုတော့
tag နဲ့ပဲ ထည့်ပေးရပါတယ်။

ဥပမာ

HTML

First item

Second item

Third item

ဒီလိုဆိုရင် Item တွေကို အလိုအလျောက် နံပါတ်စဉ် တပ်ပေးသွားပါလိမ့်မယ်။

Lists

List ထဲမှာ List ထည့်ခြင်း (Nested Lists)

Section titled “List ထဲမှာ List ထည့်ခြင်း (Nested Lists)”

List တစ်ခုရဲ့
ထဲမှာ နောက်ထပ် List အသစ်တစ်ခု ထပ်ထည့်လို့ ရပါတယ်။ ဒါဟာ မာတိကာ (Menu) တွေ၊ Hierarchy ရှိတဲ့ အကြောင်းအရာတွေ ပြတဲ့အခါ အရမ်း အသုံးဝင်ပါတယ်။

ဥပမာ

HTML

HTML

Structure

Semantic Tags

CSS

Flexbox

Grid

ဖော်ပြချက် List များ (Description Lists)

Section titled “ဖော်ပြချက် List များ (Description Lists)”

Description list (
) ဆိုတာက အသုံးအနှုန်းတွေ (
) နဲ့ သူ့ရဲ့ ဖော်ပြချက်တွေ (
) ကို တွဲပြီး ဖော်ပြဖို့အတွက် သုံးပါတယ်။ ဝေါဟာရ ရှင်းလင်းချက်တွေ၊ အမေးအဖြေ (FAQ) တွေ ရေးတဲ့အခါ အသင့်တော်ဆုံးပါပဲ။

— Description list တစ်ခုလုံးကို ငုံထားတဲ့ Container

— အသုံးအနှုန်း သို့မဟုတ် Item (Definition Term)

— ဖော်ပြချက် (Definition Description)

ဥပမာ

HTML

HTML

Webpage တွေရဲ့ structure ကို သတ်မှတ်တဲ့ language

CSS

Webpage တွေကို style ချတဲ့ language

JavaScript

Webpage တွေကို interactive ဖြစ်စေတဲ့ language