စာကြောင်းဆင်းခြင်း၊ မျဉ်းတားခြင်း နှင့် စာလုံးပုံစံပြောင်းတဲ့ Tags များ
Website တွေ ရေးတဲ့အခါ တစ်ခါတလေမှာ စာကြောင်းအသစ် တစ်ကြောင်းဆင်းချင်တာ ဒါမှမဟုတ် အပိုင်းတွေကို မျဉ်းတားပြီး ခွဲခြားချင်တာမျိုးတွေ ရှိနိုင်ပါတယ်။
Line Breaks (

Section titled “Line Breaks (

tag က စာပိုဒ်အသစ်မဖြစ်သွားစေဘဲ စာသားကို နောက်တစ်ကြောင်းကို ဆင်းသွားစေပါတယ်။
ဥပမာ

This is the first line.
This is the second line.
Horizontal Rules (

Section titled “Horizontal Rules (

tag က စာမျက်နှာမှာ အလျားလိုက် မျဉ်းတစ်ကြောင်း ဖန်တီးပေးပါတယ်။ အကြောင်းအရာ အပိုင်းတွေကို ခွဲခြားဖို့အတွက် အရမ်း အသုံးဝင်ပါတယ်။
ဥပမာ

This is a section.

This is another section, separated by a line.
စာလုံးပုံစံပြောင်းတဲ့ Tags များ
Section titled “စာလုံးပုံစံပြောင်းတဲ့ Tags များ”HTML မှာ စာသားတွေကို အလေးပေးဖို့၊ ပုံစံလှအောင်လုပ်ဖို့၊ ဒါမှမဟုတ် အရေးကြီးကြောင်းပြဖို့ ကူညီပေးတဲ့ Tag အများအပြား ရှိပါတယ်။ သူတို့ထဲက တချို့ကို ကြည့်လိုက်ရအောင်။

Bold Text (
): စာလုံးကို Bold (အထူ) ဖြစ်စေတယ်။ ပုံစံပဲ ပြောင်းတယ်၊ အဓိပ္ပာယ်မပြောင်းဘူး။ -
Italic Text (
): စာလုံးကို Italic (အစောင်း) ဖြစ်စေတယ်။ ပုံစံပဲ ပြောင်းတယ်။ -
Underlined Text (
): စာသားအောက်မှာ မျဉ်းသားပေးတယ်။ -
Important Text (
): စာသားက တကယ်အရေးကြီးတယ် ဆိုတဲ့ အဓိပ္ပာယ် ကိုပါ ဖော်ပြပေးပြီး၊ ပုံမှန်အားဖြင့် Bold နဲ့ပြတယ်။ Screen reader တွေက ဒီ tag ကို မြင်ရင် “အရေးကြီးသောစကားလုံး” လို့ ဖတ်ပြပေးပါတယ်။ -
Emphasized Text (
): စာသားကို အလေးထားတယ် ဆိုတဲ့ အဓိပ္ပာယ် ဖော်ပြပြီး၊ ပုံမှန်အားဖြင့် Italic နဲ့ပြတယ်။ -
Highlighted Text (
): စာသားကို highlight လုပ်ပေးတယ်၊ ပုံမှန်အားဖြင့် အဝါရောင်နောက်ခံနဲ့ပါ။ -
Strikethrough (
): စာသားအလယ်ကနေ မျဉ်းဖျက်ပေးတယ်။ ဒါက မှားနေတာ ဒါမှမဟုတ် ဖယ်ရှားလိုက်ပြီဆိုတာကို ပြချင်တဲ့အခါသုံးတယ်။
HTML Entities (အထူးအက္ခရာများ)
Section titled “HTML Entities (အထူးအက္ခရာများ)”တချို့ Character တွေဟာ HTML မှာ Special Meaning (ကိုယ်ပိုင် အဓိပ္ပာယ်) ရှိပါတယ် (ဥပမာ <, > ဟာ Tag တွေ ဖြစ်ပါတယ်)။ ဒီ Character တွေကို Content အဖြစ် ပြချင်ရင်တော့ HTML Entity တွေကို သုံးပေးရပါတယ်။
| ပြချင်တဲ့ symbol | Entity code | ဥပမာ |

< | < | 1 < 2 → 1 < 2 |
> | > | 2 > 1 → 2 > 1 |
& | & | HTML & CSS → HTML & CSS |
" | " | attribute value အတွက် |
© | © | မူပိုင်ခွင့် သင်္ကေတ |
® | ® | မှတ်ပုံတင် trademark |
→ | → | ညာဘက်မြားခြားသားသင်္ကေတ |
| non-breaking space | | အကွာအဝေးကို break မလုပ်ဘဲ ထိန်းဖို့ |
ဥပမာ -

HTML & CSS ဟာ web development ရဲ့ အခြေခံပါ။

© 2024 Takkatho. All rights reserved.

5 < 10 ဖြစ်လို့ HTML tag ဖြစ်မသွားပါ။