Skip to content
GitHub

HTML Attributes

HTML Attributes ဆိုတာ ဘာလဲ?

Section titled “HTML Attributes ဆိုတာ ဘာလဲ?”

Attribute ဆိုတာက HTML tag တွေရဲ့ အပြုအမူ (behavior) ကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် element တစ်ခုအကြောင်း အသေးစိတ်အချက်အလက်တွေ ထပ်ထည့်ပေးဖို့ သုံးတဲ့ အပိုအချက်အလက်တွေ ဖြစ်ပါတယ်။ သူတို့ကို အမြဲတမ်း element တစ်ခုရဲ့ အဖွင့် tag (opening tag) ထဲမှာ ထည့်ရေးရပါတယ်။

Attribute တစ်ခုရဲ့ တည်ဆောက်ပုံ
Attribute Name = "Attribute Value"

ဥပမာ -

Visit Example
• href က attribute name ဖြစ်ပါတယ်။
• "https://www.example.com" က attribute value ဖြစ်ပါတယ်။

အသုံးများတဲ့ HTML Attribute များ

Section titled “အသုံးများတဲ့ HTML Attribute များ”

HTML မှာ အသုံးများတဲ့ attribute တစ်ချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

Element တစ်ခုကို သီးသန့်အမှတ်အသား (unique identifier) ပေးဖို့ သုံးပါတယ်။ CSS ဒါမှမဟုတ် JavaScript နဲ့ အဲ့ဒီ element ကို လှမ်းခေါ်သုံးဖို့ အသုံးဝင်ပါတယ်။

ဥပမာ -

Welcome to My Website

Element တစ်ခုကို css class တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး သတ်မှတ်ပေးဖို့ သုံးပါတယ်။

ဥပမာ -

This is a highlighted paragraph.

ပုံတွေ၊ video တွေလိုမျိုး ပြင်ပက file တွေရဲ့ source ကို သတ်မှတ်ပေးဖို့ သုံးပါတယ်။

ဥပမာ -

ပုံတွေနဲ့တွဲသုံးပြီး၊ accessibility အတွက် ပုံရဲ့အကြောင်းအရာကို စာသားနဲ့ ဖော်ပြပေးဖို့ သုံးပါတယ်။

ဥပမာ -

(anchor) tag မှာသုံးပြီး၊ အဲ့ဒီ link ကို နှိပ်လိုက်ရင် ဘယ် URL ကို သွားရမလဲဆိုတာ သတ်မှတ်ပေးပါတယ်။

ဥပမာ -

Visit Example

tag နဲ့ တွဲသုံးပြီး နှိပ်လိုက်တဲ့ link ကို ဘယ်နေရာမှာ ဖွင့်မလဲဆိုတာ သတ်မှတ်ပေးပါတယ်။

• "_blank" က link ကို tab အသစ်မှာ ဖွင့်ပေးပါတယ်။

• "_self" က link ကို လက်ရှိ tab မှာပဲ ဖွင့်ပေးပါတယ် (default)။

ဥပမာ -

Open in new tab