Skip to content
GitHub

HTML နဲ့ မိတ်ဆက်ခြင်း

HTML (HyperText Markup Language) ဆိုတာ web ပေါ်မှာ ရှိတဲ့ အကြောင်းအရာတွေကို တည်ဆောက်ဖို့နဲ့ ပုံစံချဖို့ သုံးတဲ့ အဓိက Language တစ်ခု ဖြစ်ပါတယ်။

HTML က ဘာလို့လိုအပ်တာလဲ?

Section titled “HTML က ဘာလို့လိုအပ်တာလဲ?”
  • ပထမဆုံးအနေနဲ့ HTML က webpage တစ်ခုရဲ့ အခြေခံ ဖွဲ့စည်းပုံကို သတ်မှတ်ပေးပါတယ်။

  • ပြီးတော့ သူက Browser ကြီးကို screen ပေါ်မှာ ဘာတွေပြရမလဲဆိုတာ (ဥပမာ - စာတွေ၊ ပုံတွေ၊ video တွေ) ကို လမ်းညွှန် ပြောပြပေးပါတယ်။

  • မှတ်ထားရမှာက HTML က ပုံစံလှအောင်လုပ်တာ (styling) အတွက် တာဝန်မရှိပါဘူး (အဲဒါက CSS ရဲ့အလုပ်ပါ)၊ ပြီးတော့ အပြန်အလှန်တုံ့ပြန်မှုတွေ (interactivity) ထည့်ပေးတာလည်း မဟုတ်ပါဘူး (အဲဒါက JavaScript ရဲ့အလုပ်ပါ)။

HTML က ဘယ်လိုအလုပ်လုပ်သလဲ?

Section titled “HTML က ဘယ်လိုအလုပ်လုပ်သလဲ?”

HTML က အလုပ်လုပ်တဲ့အခါ “tags” လို့ခေါ်တဲ့ စနစ်လေးကို သုံးပါတယ်။ အဲဒီ Tag တွေရဲ့ ကြားထဲမှာ ကိုယ်ပြချင်တဲ့ အကြောင်းအရာတွေကို ရေးထည့်ပြီး Browser ကို ဘယ်လိုပြရမလဲဆိုတာကို ပြောပြတာ ဖြစ်ပါတယ်။

ဥပမာ -

HTML
<h1>Welcome to My Website</h1>
<p>This is a paragraph of text.</p>
  • <h1> ဆိုတာက ခေါင်းစဉ်ကြီးတစ်ခုကို သတ်မှတ်ပေးတဲ့ tag ပါ။
  • <p> ဆိုတာက စာပိုဒ်တစ်ခုကို သတ်မှတ်ပေးတဲ့ tag ပါ။
HTML Sample

Web Development မှာ HTML ရဲ့ အခန်းကဏ္ဍ

Section titled “Web Development မှာ HTML ရဲ့ အခန်းကဏ္ဍ”

Web development မှာဆိုရင် HTML က အင်မတန် အဓိကကျတဲ့ နေရာကနေ ပါဝင်ပါတယ်။ ခင်ဗျား အင်တာနက်ပေါ်မှာ မြင်တွေ့နေရတဲ့ webpage တိုင်းရဲ့ အခြေခံအုတ်မြစ်ဟာ HTML ပါပဲ ခင်ဗျာ။ သူက ဖွဲ့စည်းပုံနဲ့ အကြောင်းအရာအတွက် အဓိက ဖြစ်ပါတယ်။

Web Development ရဲ့ အဓိကအစိတ်အပိုင်းများ:

Section titled “Web Development ရဲ့ အဓိကအစိတ်အပိုင်းများ:”
  • HTML: ဖွဲ့စည်းပုံကို သတ်မှတ်တယ် (အိမ်အလွတ်တစ်လုံးလိုပါပဲ)။
  • CSS (Cascading Style Sheets): ဖွဲ့စည်းပုံကို ပုံစံလှအောင်လုပ်တယ် (အိမ်ကို ဆေးသုတ်တာ၊ အလှဆင်တာနဲ့ တူပါတယ်)။
  • JavaScript: အပြန်အလှန်တုံ့ပြန်မှုတွေ ထည့်ပေးတယ် (မီးခလုတ်ဖွင့်တာ၊ တံခါးဖွင့်တာ ပိတ်တာတွေလိုမျိုးပါ)။