<head> အပိုင်း
<head> အပိုင်းဆိုတာ User တွေ တိုက်ရိုက်မမြင်ရပေမဲ့ Browser တွေနဲ့ Search Engine တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်အလက်တွေ (Metadata) ကို ထည့်သွင်းပေးရတဲ့ နေရာပါ။ CSS link တွေ၊ JavaScript link တွေ ထည့်ဖို့ကလည်း <head> ထဲမှာပဲ ဖြစ်ပါတယ်။
<head> ထဲမှာ အသုံးများတဲ့ Element တွေ:
Section titled “<head> ထဲမှာ အသုံးများတဲ့ Element တွေ:”-
Section titled “<meta> tags”<meta>tagsစာလုံးအမျိုးအစား (character encoding)၊ စာမျက်နှာရဲ့ အကြောင်းအရာအကျဉ်း (page description) နဲ့ တခြားအရေးကြီးတဲ့ အချက်အလက်တွေကို သတ်မှတ်ဖို့ သုံးပါတယ်။
ဥပမာ:
HTML <meta charset="UTF-8"><meta name="description" content="Learn HTML basics!"> -
Section titled “<title> tag”<title>tagBrowser ရဲ့ tab မှာ ပြမယ့် webpage ရဲ့ ခေါင်းစဉ်ကို သတ်မှတ်ပေးပါတယ်။
ဥပမာ:
HTML <title>My First Webpage</title> -
External Stylesheets နဲ့ ချိတ်ဆက်ခြင်း
Section titled “External Stylesheets နဲ့ ချိတ်ဆက်ခြင်း”Webpage ကို ဒီဇိုင်းလှပအောင်လုပ်ဖို့အတွက် အပြင်ဘက်မှာရှိတဲ့ CSS file တွေကို ချိတ်ဆက်ပေးနိုင်ပါတယ်။
ဥပမာ:
HTML <link rel="stylesheet" href="styles.css">