ပုံတွေကို Link အဖြစ် သုံးခြင်း
link လုပ်တဲ့အခါ စာသားတွေပဲ သုံးရမယ်လို့ မဆိုလိုပါဘူး။ ပုံတွေကိုလည်း နှိပ်လို့ရတဲ့ link တွေအဖြစ် သုံးနိုင်ပါတယ်။ Logo တွေ၊ ကြော်ငြာပုံတွေမှာ အသုံးဝင်ပါတယ်။
ဥပမာ -
<a href="https://www.example.com"> <img src="logo.jpg" alt="Example Logo"></a>ဒီမှာတော့ <img> tag ကို <a> tag နဲ့ အုပ်ထားတဲ့အတွက် ပုံကို နှိပ်လို့ရတဲ့ link တစ်ခု ဖြစ်သွားပါတယ်။ alt attribute ကတော့ ပုံက ဘာပုံလဲဆိုတာကို ရှင်းပြထားတာဖြစ်လို့ ထည့်ပေးသင့်ပါတယ်။
ဒါကို ဘာကြောင့်သုံးသင့်လဲ။
Section titled “ဒါကို ဘာကြောင့်သုံးသင့်လဲ။”Website ရဲ့ logo ကို နှိပ်လိုက်ရင် ပင်မစာမျက်နှာ (Homepage) ကို ပြန်ရောက်သွားတာမျိုး link လုပ်ပေးခြင်း၊ content တွေကို ပုံတွေနဲ့ ပြထားပြီး နှိပ်လိုက်ရင် Details page ကိုရောက်သွားတာမျိုး လုပ်နိုင်ပါတယ်။
Link တွေအတွက် လိုက်နာသင့်တဲ့ အချက်များ
Section titled “Link တွေအတွက် လိုက်နာသင့်တဲ့ အချက်များ”ကိုယ့် Website က link တွေကို ပိုထိရောက်ပြီး လူတိုင်းအဆင်ပြေအောင် သုံးနိုင်ဖို့အတွက် လိုက်နာသင့်တဲ့ အချက်တစ်ချို့ ရှိပါတယ်။
-
link စာသားကို အဓိပ္ပာယ်ရှိအောင် ရေးပါ
Section titled “link စာသားကို အဓိပ္ပာယ်ရှိအောင် ရေးပါ”“Click here” လို့ ရေးမယ့်အစား “About Us” ဆိုတာမျိုး ရှင်းလင်းတဲ့ စာသားကို သုံးပါ။ ဥပမာ:
<a href="about.html">About Us</a> -
ပုံတွေမှာ alt Text သုံးပါ
Section titled “ပုံတွေမှာ alt Text သုံးပါ”အထူးသဖြင့် link လုပ်ထားတဲ့ ပုံတွေမှာ alt attribute ကို အမြဲသုံးပေးပါ။ ဒါမှ အမြင်အာရုံမသန်စွမ်းသူတွေအတွက် အထောက်အကူ ဖြစ်စေပါတယ်။
-
link တိုင်းကို Tab အသစ်မှာ မဖွင့်ပါနဲ့
Section titled “link တိုင်းကို Tab အသစ်မှာ မဖွင့်ပါနဲ့”target="_blank"ကို လိုအပ်မှပဲ သုံးပါ။ ကိုယ့် Website ကနေ တခြား Website ကို သွားတဲ့ link တွေလောက်မှာပဲ သုံးတာ ကောင်းပါတယ်။ -
link တွေကို ပုံမှန်စစ်ဆေးပါ
Section titled “link တွေကို ပုံမှန်စစ်ဆေးပါ”link တွေကို ပုံမှန်စစ်ဆေးပါ။ link တွေက အလုပ်မလုပ်တော့ရင် (Broken Links) သုံးစွဲသူအတွက် အဆင်မပြေဖြစ်စေသလို၊ ကိုယ့် Website ရဲ့ SEO ကိုလည်း ထိခိုက်စေတဲ့အတွက် အမြဲတမ်း စစ်ဆေးပေးသင့်ပါတယ်။