Skip to content
GitHub

<body> အပိုင်း

<body> အပိုင်းမှာတော့ သုံးစွဲသူတွေ မြင်ရမယ့် webpage ရဲ့ အကြောင်းအရာ အားလုံး ပါဝင်ပါတယ်။ ခေါင်းစဉ်တွေ၊ စာပိုဒ်တွေ၊ ပုံတွေနဲ့ link တွေလိုမျိုး အရာအားလုံးကို ဒီနေရာမှာပဲ ထည့်ရမှာ ဖြစ်ပါတယ်။

<body> ထဲမှာ အသုံးများတဲ့ element တွေ:

Section titled “<body> ထဲမှာ အသုံးများတဲ့ element တွေ:”
  • ခေါင်းစဉ်တွေက စာမျက်နှာရဲ့ တည်ဆောက်ပုံကို သတ်မှတ်ပေးပြီး အကြောင်းအရာတွေကို စနစ်တကျ ဖြစ်အောင် ကူညီပေးပါတယ်။ <h1> က အရေးအကြီးဆုံး ခေါင်းစဉ်ဖြစ်ပြီး <h6> ကတော့ ခေါင်းစဉ်ငယ် ဖြစ်ပါတယ်။

    ဥပမာ:

    HTML
    <h1>This is the main heading</h1>
    <h2>This is a subheading</h2>
  • စာပိုဒ်တွေ သတ်မှတ်ဖို့အတွက် <p> tag ကို သုံးပါတယ်။

    ဥပမာ:

    HTML
    <p>This is a paragraph of text.</p>
  • <img> tag ကို စာမျက်နှာပေါ်မှာ ပုံတွေဖော်ပြဖို့ သုံးပါတယ်။

    ဥပမာ:

    HTML
    <img src="image.jpg" alt="ပုံအကြောင်း ရှင်းပြတဲ့စာ">
  • <a> tag ကို တခြားစာမျက်နှာတွေကို ချိတ်ဆက်ပေးတဲ့ hyperlink တွေ ဖန်တီးဖို့ သုံးပါတယ်။

    ဥပမာ:

    HTML
    <a href="https://www.example.com">Visit Example</a>

နမူနာ - အခြေခံ HTML Page တစ်ခု

Section titled “နမူနာ - အခြေခံ HTML Page တစ်ခု”

ခုနက ပြောခဲ့တာတွေအားလုံးကို ပေါင်းစပ်ထားတဲ့ နမူနာတစ်ခုကို ကြည့်လိုက်ရအောင်။

HTML
<!DOCTYPE html>
<html lang="en">
<head>
<meta charset="UTF-8">
<meta name="viewport" content="width=device-width, initial-scale=1.0">
<title>My Simple Page</title>
</head>
<body>
<h1>Welcome to My Simple Webpage</h1>
<p>This is a paragraph of text on my webpage.</p>
<img src="example.jpg" alt="An example image">
<a href="https://www.example.com">Visit Example</a>
</body>
</html>

ရှင်းလင်းချက် -

  • <!DOCTYPE html>: Browser ကို HTML5 သုံးထားကြောင်း ပြောပြပါတယ်။
  • <html> tag: စာမျက်နှာတစ်ခုလုံးကို ခြုံငုံထားပါတယ်။
  • <head> tag: စာမျက်နှာ ခေါင်းစဉ်နဲ့ meta tag တွေလို metadata တွေ ပါဝင်ပါတယ်။
  • <body> tag: မြင်ရတဲ့ အကြောင်းအရာတွေ (ခေါင်းစဉ်၊ စာပိုဒ်၊ ပုံ၊ link) တွေ ပါဝင်ပါတယ်။