Skip to content
GitHub

Semantic HTML သုံးခြင်းရဲ့ အကျိုးကျေးဇူးများ

Semantic HTML သုံးခြင်းရဲ့ Accessibility အကျိုးကျေးဇူးများ

Section titled “Semantic HTML သုံးခြင်းရဲ့ Accessibility အကျိုးကျေးဇူးများ”

Semantic HTML ကို သုံးတာက Screen Reader လိုမျိုး အထောက်အကူပြု နည်းပညာတွေအတွက် Content ကို ပိုမို နားလည်လွယ်စေတဲ့အတွက် Accessibility ကို အများကြီး ပိုကောင်းစေပါတယ်။

Screen Reader အတွက် ဥပမာ -
Screen reader တစ်ခုက Page ရဲ့ ခေါင်းပိုင်း (
)၊ အဓိက အကြောင်းအရာပိုင်း (
) နဲ့ အောက်ခြေပိုင်း (
) ကို အလွယ်တကူ ခွဲခြားသိနိုင်ပါတယ်။ ဒါကြောင့် Content တွေကို ပိုပြီး စနစ်တကျ၊ အစီအစဉ်တကျ ဖတ်ပြနိုင်သွားပါတယ်။

Non-semantic vs Semantic

ARIA Attributes — Accessibility ကို ထပ်မံ မြှင့်တင်ခြင်း

Section titled “ARIA Attributes — Accessibility ကို ထပ်မံ မြှင့်တင်ခြင်း”

Semantic HTML tag တွေချည်း သက်သက်နဲ့ မလုံလောက်တဲ့ နေရာတွေမှာ ARIA (Accessible Rich Internet Applications) attributes တွေ ထပ်ထည့်နိုင်ပါတယ်။ ဒီ Attribute တွေက Screen reader တွေကို Content ရဲ့ အဓိပ္ပာယ်ကို ပိုကောင်းကောင်း နားလည်အောင် ကူညီပေးပါတယ်။

အသုံးဝင်ဆုံး ARIA attribute အချို့:

Attributeရှင်းလင်းချက်ဥပမာ
aria-labelElement ကို ခေါ်ဖို့ အမည်ပေးတယ်X
aria-hidden="true"Screen reader ကနေ ဖျောက်ထားတယ်★
roleElement ရဲ့ အလုပ်ကို ဖော်ပြတယ်
Error!

ဥပမာ — Navigation link တစ်ခုကို ပိုပြည့်စုံအောင် ရေးသားခြင်း:

Home

About

aria-label="ပင်မ Navigation" ထည့်ထားတဲ့အတွက် Page ပေါ်မှာ
တစ်ခုထက်ပိုရှိနေတဲ့အခါမျိုးမှာ Screen reader ကနေ ဘယ်
က ဘာအတွက်ဆိုတာ သေချာ ခွဲပြောနိုင်ပါတယ်။

Semantic HTML အတွက် အလေ့အကျင့်ကောင်းများ

Section titled “Semantic HTML အတွက် အလေ့အကျင့်ကောင်းများ”
1. မှန်ကန်တဲ့ Tag များကို သုံးပါ
Section titled “1. မှန်ကန်တဲ့ Tag များကို သုံးပါ”

Content နဲ့ သင့်တော်တဲ့၊ အဓိပ္ပာယ်ရှိတဲ့ Tag ကို သုံးပါ (ဥပမာ - Blog post အတွက်
, Menu အတွက်

2.
ကို အလွန်အကျွံ မသုံးပါနဲ့
Section titled “2.
ကို အလွန်အကျွံ မသုံးပါနဲ့”

က အရာအားလုံးကို ထည့်လို့ရတဲ့ Container ဆိုပေမဲ့ နေရာတကာမှာ လျှောက်မသုံးပါနဲ့။ သူ့အစား Structure ပိုကျတဲ့၊ အဓိပ္ပာယ် ပိုရှိတဲ့ Semantic tag တွေကို သုံးပါ။

3. Page Structure ကို စဉ်းစားပါ
Section titled “3. Page Structure ကို စဉ်းစားပါ”

Tag တွေရဲ့ အစီအစဉ်ကို အမြဲတမ်း စဉ်းစားပါ။ ခင်ဗျားရဲ့ Page ဟာ
(အပေါ်ပိုင်း) ကနေ
(အဓိက Content) ကိုဖြတ်ပြီး
(အောက်ခြေပိုင်း) မှာ ဆုံးသင့်ပါတယ်။

4. ရှင်းလင်းတဲ့ ခေါင်းစဉ်များ ပေးပါ
Section titled “4. ရှင်းလင်းတဲ့ ခေါင်းစဉ်များ ပေးပါ”

, ဒါမှမဟုတ်
လို Tag တွေ သုံးတဲ့အခါ အထဲမှာပါတဲ့ Content တွေက ရှင်းလင်းပြီး အဓိပ္ပာယ်ရှိနေဖို့ သေချာပါစေ။