Skip to content
GitHub

Editor တစ်ခုကို ပြင်ဆင်ခြင်း

HTML Code တွေ ရေးဖို့ဆိုရင် Code Editor တစ်ခု မဖြစ်မနေ လိုအပ်ပါတယ်။ Code Editor ဆိုတာ ခင်ဗျားရဲ့ HTML ဖိုင်တွေကို ရေးမယ့်၊ ပြင်မယ့် နေရာလေးပါ — သူက ရိုးရိုး Word processor တွေနဲ့ မတူဘဲ Code တွေကို Raw Text အဖြစ် သေသေချာချာ ကိုင်တွယ်ပေးပါတယ်။

လူသုံးများတဲ့ Editor -

  • VS Code: အစွမ်းထက်ပြီး အခမဲ့ရတဲ့ code editor ပါ။

HTML ဖိုင်တွေကို Save လုပ်ခြင်း:

Section titled “HTML ဖိုင်တွေကို Save လုပ်ခြင်း:”

HTML ဖိုင်တစ်ခု ဖန်တီးတဲ့အခါမှာ နာမည်ရဲ့အနောက်မှာ .html ဆိုတဲ့ Extension လေးနဲ့ Save ဖို့ သေချာပါစေ။ ဒါမှသာ ခင်ဗျားရဲ့ ကွန်ပျူတာက ‘အော် ဒါဟာ Browser မှာ ဖွင့်ရမယ့် HTML ဖိုင်တစ်ခုပါလား’ ဆိုပြီး သိမှာ ဖြစ်ပါတယ်။

ဥပမာ: index.html

ခင်ဗျားရဲ့ ပထမဆုံး HTML စာမျက်နှာ

Section titled “ခင်ဗျားရဲ့ ပထမဆုံး HTML စာမျက်နှာ”

ကဲ! ခင်ဗျားရဲ့ ပထမဆုံး HTML စာမျက်နှာလေးကို စပြီး ရေးကြည့်ကြရအောင်! HTML စာမျက်နှာတစ်ခုရဲ့ အခြေခံတည်ဆောက်ပုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

HTML
<!DOCTYPE html>
<html>
<head>
<title>My First Page</title>
</head>
<body>
<h1>Welcome to My Website</h1>
<p>This is my first webpage created using HTML.</p>
</body>
</html>

ရှင်းလင်းချက် -

  • <!DOCTYPE html>: ဒါက document type ကြေညာချက်ဖြစ်ပြီး၊ browser ကို ဒါဟာ HTML5 document တစ်ခုဖြစ်ကြောင်း ပြောပြပါတယ်။
  • <html>: ဒါက HTML စာမျက်နှာတစ်ခုလုံးအတွက် အဖွင့် tag ပါ။
  • <head>: စာမျက်နှာရဲ့ meta-information တွေ (ခေါင်းစဉ်၊ stylesheet တွေရဲ့ link) ပါဝင်ပါတယ်။
  • <title>: Browser ရဲ့ tab မှာပေါ်မယ့် ခေါင်းစဉ်ပါ။
  • <body>: ခင်ဗျား စာမျက်နှာရဲ့ မြင်ရမယ့် အကြောင်းအရာတွေဖြစ်တဲ့ ခေါင်းစဉ်တွေ၊ စာပိုဒ်တွေ၊ ပုံတွေ၊ link တွေ ထည့်ရမယ့်နေရာပါ။
  • <h1>: စာမျက်နှာရဲ့ အဓိကခေါင်းစဉ်အတွက် သုံးတဲ့ heading tag ပါ။
  • <p>: စာသားအကြောင်းအရာတွေ ပြဖို့သုံးတဲ့ paragraph tag ပါ။

Browser တွေက HTML ကို ဘယ်လိုဖတ်သလဲ

Section titled “Browser တွေက HTML ကို ဘယ်လိုဖတ်သလဲ”

Google Chrome, Firefox, ဒါမှမဟုတ် Safari လို Browser တွေက ခင်ဗျားရေးထားတဲ့ HTML code တွေကို ဖတ်ပြီး Webpage တစ်ခုအဖြစ် ပြသပေးပါတယ်။ Browser က အဲဒီ Tag တွေကို User တွေအတွက် မြင်သာတဲ့ ပုံစံအဖြစ် ဘာသာပြန်ပေးလိုက်တာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့၊ <h1> tag က စာသားကို အကြီးကြီးနဲ့ bold ဖြစ်အောင်လုပ်ဖို့ browser ကို ပြောပြပြီး၊ <p> tag ကတော့ စာသားကို ပုံမှန်စာပိုဒ်အဖြစ် format ချဖို့ ပြောပြပါတယ်။