Skip to content
GitHub

Responsive Design

Media Queries ဆိုတာ ဘာလဲ?

Section titled “Media Queries ဆိုတာ ဘာလဲ?”

သူကတော့ Browser ကို “Screen Size (မျက်နှာပြင် အကျယ်) က ဘယ်လောက်ဆိုရင်တော့၊ ဒီ Style ကို သုံးပေးပါ” ဆိုပြီး အခြေအနေပေး ခိုင်းစေလိုက်တာမျိုး ဖြစ်ပါတယ်။

/* ပုံမှန် (Desktop) အတွက် */
body {
background-color: white;
font-size: 18px;
}
/* Screen အကျယ် 600px နှင့် အောက် (ဖုန်းများ) အတွက် */
@media (max-width: 600px) {
body {
background-color: lightblue; /* ဖုန်းမှာဆို အပြာနုရောင် ဖြစ်သွားမယ် */
font-size: 16px; /* စာလုံး နည်းနည်း သေးမယ် */
}
}
Media Queries Example

Website ရေးတဲ့အခါ Desktop (ကွန်ပျူတာ) အတွက် အရင်ရေးပြီးမှ ဖုန်းအတွက် လိုက်ပြင်တာထက်၊ Mobile (ဖုန်း) အတွက် အရင်ရေးပြီးမှ Desktop အတွက် ချဲ့သွားတဲ့နည်းလမ်း (Mobile First Approach) က ပိုပြီး ခေတ်မီသလို၊ Code ရေးရတာလည်း ပိုရှင်းပါတယ် ခင်ဗျာ။

/* 1. ဖုန်းအတွက် အရင်ရေး (Base Styles) */
.container {
flex-direction: column; /* ဖုန်းမှာ ဒေါင်လိုက် စီမယ် */
}
/* 2. Tablet နဲ့ အထက် (min-width) */
@media (min-width: 768px) {
.container {
flex-direction: row; /* Tablet နဲ့ PC မှာ ဘေးတိုက် စီမယ် */
}
}
Mobile First Media Queries Example

Common Breakpoints (အသုံးများသော Size များ)

Section titled “Common Breakpoints (အသုံးများသော Size များ)”

အပြင်မှာ Device အမျိုးအစားတွေ အများကြီး ရှိပေမဲ့၊ အောက်ပါ အဓိက Breakpoint (ခွဲခြားမယ့် အကျယ်အဝန်း) လေးတွေကို မှတ်ထားမယ်ဆိုရင် တော်တော်လေး အဆင်ပြေပါတယ်။

  • Mobile: < 640px (Default styles)
  • Tablet: >= 768px
  • Laptop: >= 1024px
  • Desktop: >= 1280px
/* Mobile (Default) */
.card { width: 100%; }
/* Tablet */
@media (min-width: 768px) {
.card { width: 50%; }
}
/* Desktop */
@media (min-width: 1024px) {
.card { width: 33.33%; }
}

သတ်မှတ်ထားတဲ့ အခြေအနေ နှစ်ခုလုံးနဲ့ ကိုက်ညီမှ (True ဖြစ်မှ) အလုပ်လုပ်စေချင်တယ်ဆိုရင် and ကို သုံးလို့ ရပါတယ်။

/* Width က 600px နဲ့ 900px ကြားဖြစ်မှ */
@media (min-width: 600px) and (max-width: 900px) {
body { background: yellow; }
}

2. Orientation (အလျားလိုက်/ဒေါင်လိုက်)

Section titled “2. Orientation (အလျားလိုက်/ဒေါင်လိုက်)”

User က သူ့ရဲ့ ဖုန်းကို အလျားလိုက် လှဲကြည့်နေတာ (Landscape) လား၊ ဒါမှမဟုတ် ဒေါင်လိုက် ထောင်ကြည့်နေတာ (Portrait) လား ဆိုတာကိုလည်း Media Query သုံးပြီး ခွဲခြားနိုင်ပါသေးတယ်။

@media (orientation: landscape) {
/* ဖုန်းလှဲကြည့်ရင် Video ကို အပြည့်ပြမယ် */
.video-player { height: 100vh; }
}