Skip to content
GitHub

Animations (လှုပ်ရှားမှုများ)

Step 1: Keyframes ကြေညာခြင်း

Section titled “Step 1: Keyframes ကြေညာခြင်း”

Animation လုပ်တော့မယ်ဆိုရင် အရင်ဆုံး အဲဒီ Animation အတွက် ဇာတ်ညွှန်း (Keyframes) ကို အရင် ရေးဆွဲပေးရပါတယ်။ ပြီးရင် အဲဒီ Keyframes ကို နာမည်တစ်ခုခု ပေးထားရပါမယ်။

@keyframes bounce {
0% {
transform: translateY(0);
}
50% {
transform: translateY(-20px); /* အပေါ် ခုန်တက် */
}
100% {
transform: translateY(0); /* ပြန်ကျ */
}
}

Step 2: Animation ကို ခေါ်သုံးခြင်း

Section titled “Step 2: Animation ကို ခေါ်သုံးခြင်း”

Keyframes ဇာတ်ညွှန်း ရေးပြီးသွားပြီဆိုရင်တော့၊ အဲဒီ Animation ကို သုံးချင်တဲ့ Element ဆီမှာ animation Property ကို အသုံးပြုပြီး သွားချိတ်ဆက်ပေးရပါမယ်။

.ball {
width: 50px;
height: 50px;
background-color: red;
border-radius: 50%;
/* Name, Duration, Timing, Iteration */
animation: bounce 1s infinite;
}
  • bounce: ဒါက ကိုယ်ချိတ်ဆက်ချင်တဲ့ Keyframe ရဲ့ နာမည်ပါ။
  • 1s: Animation တစ်ခါ အလုပ်လုပ်ရင် ၁ စက္ကန့် အချိန်ယူမယ် လို့ ဆိုလိုတာပါ။
  • infinite: ဒီ Animation ကို ရပ်မသွားဘဲ အဆုံးမရှိ (Loop) ဆက်တိုက် လုပ်နေစေချင်တာပါ။
  • alternate: (ဒါကတော့ မထည့်လည်း ရပါတယ်) သူက Animation ကို အသွားအပြန် လုပ်စေတာပါ။ (ဥပမာ - ကြီးသွားလိုက်၊ ပြန်သေးလာလိုက်)။