Shadows (အရိပ်များ)
Box Shadow
Section titled “Box Shadow”သူကတော့ Box လို့ခေါ်တဲ့ Element တစ်ခုလုံးကို အနောက်ကနေ အရိပ်ချပေးတာပါ။
ဒီမှာ တန်ဖိုး (၄) ခု နဲ့ အရောင် တစ်ခုကို သတ်မှတ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒါတွေကတော့ -
offset-x (ဘယ်/ညာ ရွေ့မယ့် ပမာဏ), offset-y (အပေါ်/အောက် ရွေ့မယ့် ပမာဏ), blur-radius (အရိပ်ကို ဝါးသွားစေမယ့် ပမာဏ), spread-radius (အရိပ်ရဲ့ အရွယ်အစား - ဒါကတော့ မထည့်လည်း ရပါတယ်) တို့ပဲ ဖြစ်ပါတယ်။
.card { /* x-offset, y-offset, blur, color */ box-shadow: 5px 5px 10px rgba(0, 0, 0, 0.2); padding: 10px; border-radius: 5px;}- 5px (x): အရိပ်ကို ညာဘက်ကို 5px ရွေ့မယ်။
- 5px (y): အရိပ်ကို အောက်ဘက်ကို 5px ရွေ့မယ်။
- 10px (blur): အရိပ်ကို ဝါးဝါးလေး (Blur) ဖြစ်သွားစေမယ်။ (ဒီလို ဝါးထားမှသာ ပိုပြီး သဘာဝကျတဲ့ အရိပ်ကို ရမှာပါ)
- rgba(…): အရိပ်ရဲ့ အရောင်ပါ။ (အမည်းရောင် အတိကြီး သုံးမယ့်အစား Opacity 0.2 လောက်လေး လျှော့သုံးတာက ပိုလှပါတယ် ခင်ဗျာ)
Text Shadow (စာလုံး အရိပ်)
Section titled “Text Shadow (စာလုံး အရိပ်)”သူကတော့ Box ကို မဟုတ်ဘဲ စာသား (Text) တွေကို သီးသန့် အရိပ်ချပေးတာပါ။ အထူးသဖြင့် ခေါင်းစဉ်ကြီး (Heading) တွေမှာ သုံးရင် အရမ်းကို လှပပါတယ်။
h1 { text-shadow: 2px 2px 4px #000000;}