Selectors (ရွေးချယ်ခြင်း)
အခြေခံ Selectors (၃) မျိုး
Section titled “အခြေခံ Selectors (၃) မျိုး”1. Element Selector (Tag နာမည်ဖြင့် ခေါ်ခြင်း)
Section titled “1. Element Selector (Tag နာမည်ဖြင့် ခေါ်ခြင်း)”ဒါကတော့ HTML tag ရဲ့ နာမည်ကို တိုက်ရိုက်ခေါ်သုံးလိုက်တဲ့ နည်းလမ်းပါ။ ဒီလိုသုံးလိုက်ရင် အဲဒီ tag နဲ့ သက်ဆိုင်တဲ့ နေရာတွေ အကုန်လုံးမှာ ဒီဇိုင်းတွေ ပြောင်းသွားမှာ ဖြစ်ပါတယ်။
/* <p> tag အားလုံး စာလုံးအနီ ဖြစ်သွားမယ် */p { color: red;}2. Class Selector (အုပ်စုလိုက် ခေါ်ခြင်း) - အသုံးအများဆုံး
Section titled “2. Class Selector (အုပ်စုလိုက် ခေါ်ခြင်း) - အသုံးအများဆုံး”ဒီဇိုင်းတူတူ လိုချင်တဲ့ Element တွေကို class နာမည် တစ်ခုတည်းပေးပြီး ခေါ်သုံးတဲ့ နည်းလမ်းပါ။ class ကို ခေါ်သုံးတဲ့အခါ ရှေ့မှာ အစက် dot (.) လေး ခံပြီး ရေးပေးရပါတယ်။
<button class="btn">Click Me</button><button class="btn">Submit</button>/* class="btn" ရှိတဲ့ element အားလုံး အပြာရောင် ဖြစ်မယ် */.btn { background-color: blue; color: white;}3. ID Selector (တစ်ခုတည်းကို သီးသန့် ခေါ်ခြင်း)
Section titled “3. ID Selector (တစ်ခုတည်းကို သီးသန့် ခေါ်ခြင်း)”Page တစ်မျက်နှာမှာမှ တစ်နေရာတည်း သီးသန့်ရှိမယ့် Element တွေ (ဥပမာ - Logo သို့မဟုတ် Header) အတွက် သုံးလေ့ရှိပါတယ်။ id ကို ခေါ်သုံးရင်တော့ ရှေ့မှာ Hash (#) သင်္ကေတလေး ခံပေးရပါတယ်။
<div id="header">Logo</div>/* id="header" ရှိတဲ့ element တစ်ခုတည်း ပြောင်းမယ် */#header { background-color: black;}ဘယ် Selector ကို ရွေးသုံးသင့်လဲ?
Section titled “ဘယ် Selector ကို ရွေးသုံးသင့်လဲ?”- ✅ Class Selector (
.) ကို အများဆုံး အသုံးပြုသင့်ပါတယ်။ သူ့ကို နေရာတိုင်းမှာ ပြန်ခေါ်သုံးလို့ရတဲ့ (Reusable ဖြစ်တဲ့) အတွက် အရမ်းအဆင်ပြေပါတယ်။ - ⚠️ ID Selector (
#) ကိုတော့ JavaScript နဲ့ တွဲသုံးတဲ့အခါ (သို့မဟုတ်) Page တစ်ခုမှာ တစ်နေရာတည်းစာ သီးသန့် သုံးချင်တဲ့အခါမျိုးမှာပဲ သုံးသင့်ပါတယ်။ - ⚠️ Element Selector ကိုတော့ Default အနေနဲ့ ပုံသေ Style တွေ သတ်မှတ်ဖို့လောက်ပဲ သုံးသင့်ပါတယ် ခင်ဗျာ။