Gradients (အရောင်ပြေး)
Linear Gradient (အတန်းလိုက် အရောင်ပြေး)
Section titled “Linear Gradient (အတန်းလိုက် အရောင်ပြေး)”သူက အရောင်တစ်ခုကနေ နောက်အရောင်တစ်ခုကို တစ်တန်းတည်း (Linear) ဖြည်းဖြည်းချင်း ပြောင်းလဲသွားတဲ့ ပုံစံပါ။
သူ့ကို သုံးချင်ရင် background-color မှာ သုံးလို့မရဘဲ background-image မှာ သုံးပေးရပါတယ်။
.box { /* အပေါ်ကနေ အောက် (Default) */ background-image: linear-gradient(red, yellow);}
.box-right { /* ဘယ်ကနေ ညာ */ background-image: linear-gradient(to right, blue, purple);}
.box-diagonal { /* ထောင့်ဖြတ် (၄၅ ဒီဂရီ) */ background-image: linear-gradient(45deg, #ff9a9e, #fad0c4);}Radial Gradient (အဝိုင်းလိုက် အရောင်ပြေး)
Section titled “Radial Gradient (အဝိုင်းလိုက် အရောင်ပြေး)”သူကကျတော့ Linear လို တစ်တန်းတည်း မဟုတ်ဘဲ၊ အလယ်ဗဟိုကနေ ဘေးဘက်ကို အဝိုင်းပုံစံ (Radial) ဖြာထွက်သွားတဲ့ Gradient မျိုး ဖြစ်ပါတယ်။
.circle { background-image: radial-gradient(circle, yellow, red);}