Position Property
1. Static (ပုံမှန်)
Section titled “1. Static (ပုံမှန်)”ဒါကတော့ Element တိုင်းရဲ့ မူလ (Default) အနေအထားပါ။ သူက ဘာမှ ထူးခြားမှု မရှိပါဘူး။ သူ့ကို top, left, right, bottom စတဲ့ Property တွေ သွားပေးလို့လည်း မရပါဘူး။
.box { position: static;}2. Relative (မူလနေရာမှ ရွှေ့ခြင်း)
Section titled “2. Relative (မူလနေရာမှ ရွှေ့ခြင်း)”သူကတော့ မိမိရဲ့ မူလရှိနေတဲ့ မူရင်းနေရာကနေ အခြေခံပြီး ဘယ်၊ ညာ၊ အပေါ်၊ အောက် ရွှေ့ပြောင်းတာပါ။ အရေးကြီးတဲ့ အချက်က သူသာ နေရာရွှေ့သွားပေမဲ့၊ တခြား Element တွေကတော့ သူ မူလနေရာမှာ ရှိနေတုန်းပဲလို့ ထင်ပြီး သူယူထားတဲ့ နေရာကို ဝင်မလုဘဲ ဆက်ထားပေးထားမှာ ဖြစ်ပါတယ်။
.box { position: relative; top: 20px; /* မူလနေရာကနေ အောက်ကို 20px ဆင်းမယ် */ left: 10px; /* မူလနေရာကနေ ညာဘက်ကို 10px တိုးမယ် */}3. Absolute (Container ကို အမှီပြု၍ ရွှေ့ခြင်း)
Section titled “3. Absolute (Container ကို အမှီပြု၍ ရွှေ့ခြင်း)”ဒီကောင်က လက်တွေ့မှာ အရမ်းကို အသုံးဝင်ပါတယ်။ သူက သူ့ရဲ့ အပြင်ဘက်က အနီးဆုံး position: relative; ပေးထားတဲ့ Container Element ကို ရှာပြီး၊ အဲဒီ Container ရဲ့ ဘောင်အတွင်းမှာပဲ စိတ်ကြိုက် နေရာယူတာပါ။
အကယ်၍ သူ့ရဲ့ အပြင်ဘက်မှာ relative ပေးထားတဲ့ Container တစ်ခုမှ မရှိဘူးဆိုရင်တော့၊ သူက Page တစ်ခုလုံး (Body) ကို အမှီပြုပြီး နေရာယူသွားမှာ ဖြစ်ပါတယ်။
.parent { position: relative; /* Parent Container မှာ relative ပေးထားရမယ် */}
.child { position: absolute; top: 0; right: 0; /* Parent Container ရဲ့ ညာဘက်ထောင့်စွန်းမှာ ကပ်နေမယ် */}4. Fixed (မျက်နှာပြင်မှာ ကပ်ထားခြင်း)
Section titled “4. Fixed (မျက်နှာပြင်မှာ ကပ်ထားခြင်း)”User က Scroll ဆွဲချလိုက်ရင်တောင် သူက လိုက်မပါသွားပါဘူး။ Browser ရဲ့ မျက်နှာပြင် (Viewport) ပေါ်မှာ အသေ ကပ်ကျန်နေခဲ့မှာပါ။ ဥပမာအားဖြင့် Website တွေမှာ တွေ့ရလေ့ရှိတဲ့ Chat Button လေးတွေ၊ အပေါ်ဆုံးကနေ လိုက်ပါနေတဲ့ Header Bar တွေမှာ သုံးပါတယ်။
.navbar { position: fixed; top: 0; width: 100%;}5. Sticky (စေးကပ်)
Section titled “5. Sticky (စေးကပ်)”သူကတော့ User က Scroll ဆွဲချသွားလို့ မိမိသတ်မှတ်ထားတဲ့ တစ်နေရာကို ရောက်သွားတဲ့အခါမှာ၊ fixed လိုမျိုး အသေ ကပ်ကျန်ခဲ့တာမျိုး ဖြစ်ပါတယ်။
.sidebar { position: sticky; top: 10px; /* Scroll ဆွဲလို့ Top 10px ရောက်ရင် ကပ်နေမယ် */}