What Are Functions?
Function ဆိုတာ သီးသန့် လုပ်ငန်းစဉ် (Task) တစ်ခုတည်းကိုပဲ တိတိကျကျ လုပ်ဆောင်ပေးမယ့် Code အစုအဝေး တစ်ခု ဖြစ်ပါတယ်။ Function တွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ “Write once, use many times” (တစ်ခါပဲ အပင်ပန်းခံ ရေးထားမယ်၊ လိုအပ်တဲ့ အခါတိုင်း ခဏခဏ ပြန်ခေါ်သုံးမယ်) ဆိုတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။
Function Syntax (ရေးသားပုံ)
Section titled “Function Syntax (ရေးသားပုံ)”Function တစ်ခုကို စတင် တည်ဆောက်မယ်ဆိုရင် function ဆိုတဲ့ Keyword လေးကို အရင်ဆုံး ရေးပေးရပါတယ်။
// Function ကို တည်ဆောက် ကြေညာခြင်း (Defining a Function)function sayHello() { console.log("မင်္ဂလာပါ! 🙏");}Calling Functions (Function ခေါ်ယူ အသုံးပြုခြင်း)
Section titled “Calling Functions (Function ခေါ်ယူ အသုံးပြုခြင်း)”Function ကို ကြေညာထားရုံ သက်သက်နဲ့တော့ သူက အလုပ်မလုပ်သေးပါဘူး။ သူ့ကို နာမည်တပ်ပြီး ခေါ်သုံး (Call သို့မဟုတ် Invoke လုပ်) မှသာ အထဲက Code တွေက စတင် အလုပ်လုပ်မှာ ဖြစ်ပါတယ်။
sayHello(); // ရလဒ်: "မင်္ဂလာပါ! 🙏"sayHello(); // ရလဒ်: "မင်္ဂလာပါ! 🙏"တွေ့လား ခင်ဗျာ? နှစ်ခါ ခေါ်လိုက်ရင် နှစ်ခါ အလုပ်လုပ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီအလုပ်ကို အကြိမ် (၁၀၀) လုပ်ချင်တယ် ဆိုရင်တောင် Code တွေကို အကြိမ် (၁၀၀) ထပ်ခါထပ်ခါ ကူးယူ ရေးသားနေစရာ မလိုတော့ပါဘူး။ Function ကို အကြိမ် (၁၀၀) ခေါ်လိုက်ရုံပါပဲ။