Skip to content
GitHub

Arrays of Objects

တကယ့် လက်တွေ့ Project တွေမှာ Array နဲ့ Object ကို သီးခြားစီ သုံးတာထက်၊ သူတို့နှစ်ခုကို ပေါင်းစပ်ပြီး (Array ထဲမှာ Object တွေ ထည့်ပြီး) အသုံးပြုလေ့ ရှိကြပါတယ်။ ဥပမာ - ကျောင်းသားများ စာရင်း၊ ကုန်ပစ္စည်းများ စာရင်း၊ Facebook က Post တွေ စသဖြင့်ပေါ့။

ဥပမာ - Products List (ကုန်ပစ္စည်း စာရင်း)

Section titled “ဥပမာ - Products List (ကုန်ပစ္စည်း စာရင်း)”
let products = [
{ id: 1, name: "Phone", price: 500 },
{ id: 2, name: "Laptop", price: 1000 },
{ id: 3, name: "Mouse", price: 20 }
];

ဒါဟာ Object တွေ အများကြီး ပါဝင်နေတဲ့ Array တစ်ခု ဖြစ်ပါတယ်။ Database ကနေ Data တွေ ယူရင်လည်း အများအားဖြင့် ဒီလို ပုံစံမျိုးနဲ့ပဲ ရရှိမှာ ဖြစ်ပါတယ်။

ဒီ Data အစုအဝေးကြီး ထဲကနေ ကိုယ်လိုချင်တဲ့ အချက်အလက်ကို ဘယ်လို ဆွဲထုတ်မလဲ?

// ပထမဆုံး ပစ္စည်း (Index 0) ရဲ့ နာမည် (name) ကို ယူမယ်
console.log(products[0].name); // ရလဒ်: "Phone"
// ဒုတိယ ပစ္စည်း (Index 1) ရဲ့ ဈေးနှုန်း (price) ကို ယူမယ်
console.log(products[1].price); // ရလဒ်: 1000

ကုန်ပစ္စည်း အားလုံးရဲ့ နာမည်တွေကို တစ်ခုချင်းစီ ထုတ်ပြချင်ရင် For Loop ကို အသုံးပြုပြီး အလွယ်တကူ ထုတ်ပြလို့ ရပါတယ်။

for (let i = 0; i < products.length; i++) {
console.log(products[i].name);
}
// ရလဒ် (Outputs):
// Phone
// Laptop
// Mouse

Database သို့မဟုတ် Backend API တွေဆီကနေ Data တွေ တောင်းယူတဲ့အခါ ပြန်ကျလာမယ့် ပုံစံက အများအားဖြင့် အခုလို Array of Objects ပုံစံမျိုးပါပဲ။ ဒါကို သေချာ နားလည်ထားပြီ ဆိုရင်တော့ နောက်ပိုင်းမှာ API တွေနဲ့ ချိတ်ဆက် အလုပ်လုပ်တဲ့အခါ အများကြီး လွယ်ကူသွားပါလိမ့်မယ်။