Arrow Functions
ES6 (2015 ခုနှစ်) ဗားရှင်းက စတင်ပြီး JavaScript မှာ Function တွေကို ရေးသားဖို့ နည်းလမ်းသစ် တစ်ခု ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ Arrow Function ပဲ ဖြစ်ပါတယ်။ အရင်နည်းလမ်းထက် Code ပိုတိုတောင်းပြီး ပိုမို သပ်ရပ်ပါတယ်။ => (မြှားပုံသင်္ကေတ) ကို အသုံးပြုထားတဲ့အတွက် Arrow Function လို့ အမည်တွင်တာ ဖြစ်ပါတယ်။
Regular Function နှင့် Arrow Function နှိုင်းယှဉ်ချက်
Section titled “Regular Function နှင့် Arrow Function နှိုင်းယှဉ်ချက်”ရိုးရိုး Function (Regular Function)
Section titled “ရိုးရိုး Function (Regular Function)”function sayHi() { return "Hi!";}Arrow Function
Section titled “Arrow Function”const sayHi = () => { return "Hi!";}ပိုမို တိုတောင်းအောင် ရေးသားနည်း
Section titled “ပိုမို တိုတောင်းအောင် ရေးသားနည်း”အကယ်၍ Function ထဲမှာ Code က တစ်ကြောင်းတည်းပဲ ရှိပြီး၊ အဲ့ဒီ တစ်ကြောင်းကနေ return ကို တိုက်ရိုက် လုပ်မယ်ဆိုရင် တွန့်ကွင်း {} တွေနဲ့ return ဆိုတဲ့ စာသားကို ဖြုတ်ပစ်ပြီး အတိုဆုံး ပုံစံ ရေးလို့ ရပါတယ်။
// အတိုဆုံးနဲ့ အသပ်ရပ်ဆုံး ပုံစံconst add = (a, b) => a + b;
console.log(add(5, 10)); // ရလဒ်: 15ဘယ်လို နေရာတွေမှာ အသုံးပြုမလဲ?
Section titled “ဘယ်လို နေရာတွေမှာ အသုံးပြုမလဲ?”this Keyword နဲ့ ပတ်သက်တဲ့ ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေ (Object Methods) ကလွဲရင် ကျန်တဲ့ နေရာ အတော်များများမှာ အခုဆိုရင် Arrow Function ကိုပဲ ကျယ်ကျယ်ပြန့်ပြန့် သုံးလေ့ ရှိကြပါတယ်။ အထူးသဖြင့် React, Vue လိုမျိုး ခေတ်မီ Framework တွေမှာဆိုရင် Arrow Function ကို အဓိကထား အသုံးပြုကြပါတယ်။