Interactive Section - Control Flow
Exercise 1: Number Checker
Section titled “Exercise 1: Number Checker”number တစ်ခု ပေးလိုက်ရင် Positive (အပေါင်း), Negative (အနှုတ်)၊ ဒါမှမဟုတ် Zero (သုည) ဟုတ်မဟုတ် စစ်ပေးတဲ့ Code ရေးပါ။
let number = -5;
// သင့် Code ကို ဒီအောက်မှာ ရေးပါif (number > 0) { console.log("Positive");} // continue...Exercise 2: Even or Odd? (စုံ လား၊ မ လား)
Section titled “Exercise 2: Even or Odd? (စုံ လား၊ မ လား)”Loop ပတ်ပြီး ၁ ကနေ ၁၀ အထိ ဂဏန်းတွေကို ထုတ်ပြပါ။ ဒါပေမဲ့ ထူးခြားတာက -
- စုံကိန်း (Even) ဆိုရင် “2 is Even”
- မကိန်း (Odd) ဆိုရင် “1 is Odd” လို့ ထွက်ရမယ်။
Hint: % (Remainder operator) ကို သုံးပါ။ num % 2 === 0 ဆိုရင် စုံကိန်း ဖြစ်ပါတယ်။
for (let i = 1; i <= 10; i++) { // Check if i is even or odd here}Mini Challenge: Password Checker
Section titled “Mini Challenge: Password Checker”password ဆိုတဲ့ variable တစ်ခု ကြေညာပါ။
- စာလုံးရေ ၆ လုံးထက် နည်းရင် “Password too short”
- စာလုံးရေ ၂၀ ထက် များရင် “Password too long”
- ကြားထဲမှာ ဆိုရင် “Password valid” လို့ ပြပေးပါ။
Hint: password.length နဲ့ စာလုံးရေကို ရယူနိုင်ပါတယ်။