SQL: Subqueries and Common Table Expressions (CTEs)
Subqueries and Common Table Expressions (CTEs)
Section titled “Subqueries and Common Table Expressions (CTEs)”ဒီ module မှာ query တွေရဲ့အတွင်း၌ နောက်ထပ် query (subqueries) တွေကို ဘယ်လိုရေးရမလဲဆိုတာ လေ့လာကြပါမယ်။ ဒီနည်းလမ်းက အဆင့်များစွာပါတဲ့ တွက်ချက်မှုတွေလုပ်ဖို့နှင့် သာမန် SELECT statement တစ်ကြောင်းတည်းဖြင့် ဖြေရှင်းလို့မရတဲ့ ရှုပ်ထွေးတဲ့မေးခွန်းတွေကို လုပ်ဆောင်ဖို့အတွက် ဖြစ်ပါတယ်။ ပြီးရင်တော့ ရှုပ်ထွေးတဲ့ subquery တွေအစား သုံးနိုင်တဲ့ ဖတ်ရလွယ်ကူတဲ့ CTEs တွေအကြောင်းကို မိတ်ဆက်ပေးသွားပါမယ်။
ဒီသင်ခန်းစာအတွက် အောက်က Employees
နှင့် Sales
table တွေကို သုံးသွားပါမယ်။
Employees
Table -
EmployeeID | FirstName | Department | Salary |
---|---|---|---|
101 | Alice | Sales | $70,000 |
102 | Bob | Sales | $80,000 |
103 | Charlie | IT | $95,000 |
104 | Diana | HR | $65,000 |
Sales
Table -
OrderID | EmployeeID | SaleAmount |
---|---|---|
1 | 101 | $1,200 |
2 | 102 | $2,500 |
3 | 101 | $800 |
4 | 102 | $3,000 |
Introduction to Subqueries
Section titled “Introduction to Subqueries”Subquery (ဒါမှမဟုတ် inner query) ဆိုတာက တခြား SQL statement တစ်ခု (outer query) ရဲ့ အတွင်းထဲမှာ ထည့်သွင်းရေးသားထားတဲ့ SELECT statement အပြည့်အစုံရှိတဲ့ query တစ်ကြောင်းဖြစ်ပါတယ်။ ဒါကို ပြဿနာတစ်ခုကို အဆင့်နှစ်ဆင့်ဖြင့် ဖြေရှင်းတယ်လို့ မှတ်ယူနိုင်ပါတယ်။
ဥပမာ - ပျမ်းမျှလစာထက် ပိုရတဲ့ ဝန်ထမ်းတွေကို ရှာချင်တယ်ဆိုရင် သင်အရင်ဆုံးသိရမှာတွေက
- ပျမ်းမျှလစာက ဘယ်လောက်လဲ။
- အဲ့ဒီ ပျမ်းမျှလစာထက် ဘယ်သူတွေက ပိုရလဲ။ Subquery က ဒီအဆင့်နှစ်ခုလုံးကို command တစ်ခုတည်းဖြင့် လုပ်ဆောင်နိုင်စေပါတယ်။
Subqueries in the WHERE Clause
Section titled “Subqueries in the WHERE Clause”ဒါက subquery ရဲ့ အသုံးအများဆုံးပုံစံပါ။ သူက အပြင် query ကို အတွင်း query ရဲ့အဖြေအပေါ်မူတည်ပြီး filter နိုင်ပါတယ်။
ဥပမာ - ကုမ္ပဏီရဲ့ ပျမ်းမျှလစာထက် ပိုရတဲ့ ဝန်ထမ်းအားလုံးကို ရှာပါ။
SELECT FirstName, SalaryFROM EmployeesWHERE Salary > (SELECT AVG(Salary) FROM Employees);
ဘယ်လိုအလုပ်လုပ်လဲ။
Section titled “ဘယ်လိုအလုပ်လုပ်လဲ။”အတွင်း query (SELECT AVG(Salary) FROM Employees)
က အရင်ဆုံးအလုပ်လုပ်ပြီး ပျမ်းမျှလစာကို တွက်ထုတ်ပါတယ် (ဒီမှာဆိုရင် $77,500 ဖြစ်ပါတယ်)။
ပြီးတော့ အပြင် query က SELECT FirstName, Salary FROM Employees WHERE Salary > 77500;
ဆိုပြီး ဖြစ်သွားပါတယ်။
ရလဒ် -
FirstName | Salary |
---|---|
Bob | $80,000 |
Charlie | $95,000 |
Subquery က တန်ဖိုးတစ်ခုထက်ပိုတဲ့ စာရင်း (list) တစ်ခုကို ပြန်ပေးတဲ့အခါ IN လို operator မျိုးကိုလည်း သုံးနိုင်ပါတယ်။
ဥပမာ - အနည်းဆုံးတစ်ကြိမ်အရောင်း(sale) လုပ်ဆောင်ထားတဲ့ ဝန်ထမ်းအားလုံးရဲ့ နာမည်တွေကို ရှာပါ။
SELECT FirstName FROM EmployeesWHERE EmployeeID IN (SELECT DISTINCT EmployeeID FROM Sales);
Subqueries in the FROM Clause
Section titled “Subqueries in the FROM Clause”Subquery တစ်ခုကို FROM clause ထဲမှာသုံးတဲ့အခါ သူ့ရဲ့ရလဒ်ကို ယာယီ table တစ်ခုအဖြစ် သဘောထားပါတယ်။ ဒီယာယီ table ကို “derived table” လို့ခေါ်ပြီး alias (ယာယီအမည်) တစ်ခု မဖြစ်မနေ ပေးရပါမယ်။
ဥပမာ - ပထမဦးစွာ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ စုစုပေါင်းအရောင်း(sale) ကိုတွက်ပါ။ ပြီးရင် ယာယီရလဒ်ထဲကနေ စုစုပေါင်းတွေရဲ့ ပျမ်းမျှတန်ဖိုးကို ရှာပါ။
SELECT AVG(TotalSales) AS AverageOfEmployeeTotalsFROM ( SELECT EmployeeID, SUM(SaleAmount) AS TotalSales FROM Sales GROUP BY EmployeeID) AS EmployeeSalesSummary;
ဘယ်လိုအလုပ်လုပ်လဲ။
Section titled “ဘယ်လိုအလုပ်လုပ်လဲ။”-
အတွင်းက query က အရင်အလုပ်လုပ်ပြီး ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ စုစုပေါင်းအရောင်း
sale
ကို တွက်ပါတယ်။ (Alice: $2000, Bob: $5500) -
ဒါက
EmployeeSalesSummary
ဆိုတဲ့ ယာယီ table တစ်ခုကို ဖန်တီးပေးလိုက်ပါတယ်။ -
အပြင် query က အဲ့ဒီယာယီ table ထဲက
TotalSales
column ရဲ့ ပျမ်းမျှတန်ဖိုးကို တွက်ချက်ပေးပါတယ်။
ရလဒ် -
AverageOfEmployeeTotals |
---|
$3750.00 |
Common Table Expressions (CTEs)
Section titled “Common Table Expressions (CTEs)”Subquery တွေက အများကြီးထပ်နေတဲ့အခါ code တွေကို ဖတ်ရအလွန်ခက်စေပါတယ်။ (“pyramid of doom” လို့တောင် ခေါ်ကြပါတယ်)။ Common Table Expressions (CTEs) တွေကတော့ ဒီပြဿနာအတွက် ဖြေရှင်းချက်တစ်ခုဖြစ်ပြီး query တွေကို အများကြီး ပိုစနစ်ကျပြီး ဖတ်ရလွယ်ကူစေပါတယ်။ CTEs ဆိုတာက နာမည်တစ်ခုပေးထားတဲ့ ယာယီ result set တစ်ခုက်ို ဖန်တီးပြီး SELECT statement ထဲမှာ ပြန်လည်အကိုးအကားလုပ်ပြီး သုံးတာဖြစ်ပါတယ်။
CTE တစ်ခုကို WITH clause ကိုသုံးပြီး သတ်မှတ်ပါတယ်။
Syntax:
WITH CteName AS ( -- ဒီနေရာမှာ query ရေးပါ)SELECT ... FROM CteName;
အပေါ်က subquery ဥပမာကိုပဲ CTE သုံးပြီး ပြန်ရေးကြည့်ရအောင်။
WITH EmployeeSalesSummary AS ( SELECT EmployeeID, SUM(SaleAmount) AS TotalSales FROM Sales GROUP BY EmployeeID)SELECT AVG(TotalSales) AS AverageOfEmployeeTotalsFROM EmployeeSalesSummary;
အလုပ်လုပ်တဲ့ပုံစံက subquery version နှင့်တစ်ထပ်တည်းတူညီပေမယ့် တည်ဆောက်ပုံက အများကြီးပိုရှင်းလင်းသွားပါတယ်။
ကိုယ်လိုချင်တဲ့ logical unit ကို အရင်သတ်မှတ်၊ နာမည်ပေးပြီးမှ ပြန်လည်အသုံးပြုသည့်ပုံစံဖြစ်ပါတယ်။
Correlated Subqueries (Advanced)
Section titled “Correlated Subqueries (Advanced)”Correlated Subquery ဆိုတာက သူ့ရဲ့တန်ဖိုးတွေအတွက် အပြင်က query (outer query) ကို မှီခိုနေရတဲ့ အတွင်း query (inner query) တစ်ခုဖြစ်ပါတယ်။ Correlated Subquery က အပြင် query ရဲ့ row တစ်ကြောင်းချင်းစီအတွက် တစ်ကြိမ်စီ ထပ်ခါထပ်ခါ အလုပ်လုပ်ပါတယ်။
ဥပမာ - မိမိတို့ရဲ့ဌာနတွင်း ပျမ်းမျှလစာထက် လစာပိုများတဲ့ ဝန်ထမ်းအားလုံးကို ရှာပါ။
SELECT FirstName, Salary, DepartmentFROM Employees AS E1WHERE Salary > ( SELECT AVG(Salary) FROM Employees AS E2 WHERE E2.Department = E1.Department -- The inner query is CORRELATED to the outer query);
ဘယ်လိုအလုပ်လုပ်လဲ။
Section titled “ဘယ်လိုအလုပ်လုပ်လဲ။”- Alice (Sales) အတွက် အလုပ်လုပ်တဲ့အခါ အတွင်း query က Department = ‘Sales’ ရဲ့ ပျမ်းမျှလစာကို တွက်ပါတယ်။
- Charlie (IT) အတွက် အလုပ်လုပ်တဲ့အခါ အတွင်း query က Department = ‘IT’ ရဲ့ ပျမ်းမျှလစာကို တွက်ပါတယ်။ ဒီလိုဖြင့် outer query မှ row တစ်ခုချင်းစီအတွက်inner query ကို ထပ်ခါထပ်ခါ run သွားပါတယ်။