Normalization: Third Normal Form
Third Normal Form
Section titled “Third Normal Form”Relation Schema(table) တစ်ခုဟာ Third Normal Form (3NF) ဖြစ်ဖို့ဆိုရင် အောက်ပါစည်းမျဉ်းနှစ်ခုဖြင့် ကိုက်ညီရပါမယ်။
2NF ဖြစ်ပြီးသားဖြစ်ရပါမယ်။
Transitive Dependencies တွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။
3NF ရဲ့ အဓိကတာဝန်က 2NF မှာ ကျန်နေသေးတဲ့ ပြဿနာတစ်မျိုးဖြစ်တဲ့ Transitive Dependency ကို ရှင်းထုတ်ဖို့ပါပဲ။
Transitive Dependency
Section titled “Transitive Dependency”Transitive Dependency ဆိုတာက Primary Key မဟုတ်တဲ့ (non-key) column တစ်ခုက တခြား non-key column တစ်ခုကို မှီခိုနေတဲ့ တစ်ဆင့်ခံ ဆက်နွယ်မှုမျိုး ဖြစ်ပါတယ်။
သင်္ကေတ —
A → Bနှင့်B → Cဖြစ်ပါကA → Cဖြစ်သည်။
A သည် B ကို သတ်မှတ်ပြီး B သည် C ကို သတ်မှတ်ပါက A → C ဆိုတဲ့ တစ်ဆင့်ခံ ဆက်နွယ်မှု (Transitive Dependency) ဖြစ်ပေါ်လာပါတယ်။
ဥပမာ -
| EmployeeID | Name | Department | DepartmentManager |
|---|---|---|---|
| 101 | Sarah | Sales | John |
| 102 | Kyle | Engineering | Jane |
| 103 | Miles | Sales | John |
| 104 | Alice | Engineering | Jane |
EmployeeID → Name, Name, Department(EmployeeID ကိုသိရင် Department ကို သိနိုင်ပါတယ်။)Department → DepartmentManager(Department ကိုသိရင် DepartmentManager ကို သိနိုင်ပါတယ်။)
ဒါကြောင့် transitive dependency တစ်ခုဖြစ်တဲ့ EmployeeID → DepartmentManager ကို ဖန်တီးလိုက်ပါတယ်။
ဒီမှာ ပြဿနာက DepartmentManager ဟာ Primary Key ဖြစ်တဲ့ EmployeeID အပေါ်မှာ တိုက်ရိုက်မှီခိုနေတာမဟုတ်ဘဲ
non-key ဖြစ်တဲ့ Department ကနေတစ်ဆင့် တစ်ဆင့်ခံ မှီခိုနေတာပါ။ ဒါဟာ “မကောင်းတဲ့ မှီခိုမှု (bad dependency)” ဖြစ်ပြီး
Table ထဲမှာ John နှင့် Jane ဆိုတဲ့ Manager နာမည်တွေ ထပ်ခါထပ်ခါဖြစ်နေတဲ့ Data Redundancy ကို ဖြစ်စေပါတယ်။
Third Normal Form (3NF) သို့ ပြောင်းလဲခြင်း။
Section titled “Third Normal Form (3NF) သို့ ပြောင်းလဲခြင်း။”ဒါဆိုရင် ကျွန်တော်တို့ရဲ့ Fig. 3.3.1 2NF Order table ကို third normal form ဖြစ်အောင် လုပ်ကြည့်ကြရအောင်။
အဲဒီ Table မှာ Primary Key က OrderID ဖြစ်ပါတယ်။
OrderID -> CustomerID(OrderID ကိုသိရင် CustomerID ကို သိနိုင်ပါတယ်။)CustomerID -> CustomerName, CustomerAddress(CustomerID ကိုသိရင် CustomerName နှင့် CustomerAddress ကို သိနိုင်ပါတယ်။)
ဒီနေရာမှာ CustomerName နှင့် CustomerAddress တို့ဟာ Primary Key ဖြစ်တဲ့ OrderID အပေါ် တိုက်ရိုက်မှီခိုမနေဘဲ non-key ဖြစ်တဲ့ CustomerID ကနေတစ်ဆင့် မှီခိုနေတဲ့အတွက် Transitive Dependency ဖြစ်ပေါ်နေပါတယ်။
3NF ဖြစ်အောင်လုပ်ဖို့အတွက် ဒီတစ်ဆင့်ခံ ဆက်နွယ်မှုကို ဖယ်ရှားပြီး Customer အချက်အလက်တွေကို သီးခြား table တစ်ခုအဖြစ် ခွဲထုတ်ဖို့ လိုအပ်ပါတယ်။
| |
| Fig. 3.4.1: 3NF Orders Table | Fig. 3.4.2: 3NF Customers Table |
အခုဆိုရင် ကျွန်တော်တို့ရဲ့ Database ဟာ 3NF အဆင့်ကို ရောက်ရှိသွားပါပြီ။ Table တစ်ခုချင်းစီမှာ သူ့ရဲ့ သီးခြားရည်ရွယ်ချက်တစ်ခုစီ ရှိသွားပြီး data ထပ်နေတာတွေ (redundancy) ကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ကာ data တွေကိုလည်း စနစ်တကျ စီမံခန့်ခွဲနိုင်ပြီ ဖြစ်ပါတယ်။