SQL: Data Manipulation Language (DML)
Data Modification
Section titled “Data Modification”ဒီ module မှာ data တွေကို ပြင်ဆင်ပြောင်းလဲဖို့အတွက် အခြေခံအကျဆုံး command (၃)ခုဖြစ်တဲ့ INSERT, UPDATE နှင့် DELETE တို့ကို လေ့လာသွားမှာဖြစ်ပါတယ်။ ဒီ command တွေကို Data Manipulation Language (DML) လို့ခေါ်ပြီး table တွေထဲကို record အသစ်တွေထည့်တာ၊ ရှိပြီးသား record တွေကို ပြင်တာ၊ ဖယ်ရှားတာတွေ လုပ်ဆောင်နိုင်စေပါတယ်။
ဒီသင်ခန်းစာအတွက် နမူနာ Products
table တစ်ခုကို အသုံးပြုသွားပါမယ်။
Products
Table -
ProductID | ProductName | Category | Price | StockQuantity |
---|---|---|---|---|
1 | Classic T-Shirt | Apparel | $25.00 | 500 |
2 | Denim Jeans | Apparel | $90.00 | 250 |
3 | Coffee Mug | Kitchenware | $15.50 | NULL |
Adding Data - INSERT INTO
Section titled “Adding Data - INSERT INTO”INSERT INTO statement ကို table တစ်ခုအတွင်းသို့ data row အသစ်တွေထည့်ဖို့ အသုံးပြုပါတယ်။
Syntax: စိတ်အချရဆုံးနှင့် အသုံးအများဆုံး ရေးသားပုံကတော့ သင် data ထည့်ချင်တဲ့ column တွေကို အရင်သတ်မှတ်ပြီးမှ အဲ့ဒီ column တွေအတွက် သက်ဆိုင်ရာတန်ဖိုး (values) တွေကို ထည့်ရေးပေးရပါမယ်။
INSERT INTO table_name (column1, column2, column3)VALUES (value1, value2, value3);
ဥပမာ - ကျွန်တော်တို့ရဲ့ table ထဲကို ပစ္စည်းအသစ်တစ်ခု ထည့်ကြည့်ရအောင်။
INSERT INTO Products (ProductID, ProductName, Category, Price, StockQuantity)VALUES (4, 'Keyboard', 'Electronics', 79.99, 150);
INSERT အပြီး Products Table -
ProductID | ProductName | Category | Price | StockQuantity |
---|---|---|---|---|
1 | Classic T-Shirt | Apparel | $25.00 | 500 |
2 | Denim Jeans | Apparel | $90.00 | 250 |
3 | Coffee Mug | Kitchenware | $15.50 | NULL |
4 | Keyboard | Electronics | $79.99 | 150 |
row တစ်ခုထက်ပိုပြီး တစ်ခါတည်းထည့်ချင်ရင် ကော်မာ (,) ခြားပြီး value အစုံလိုက် ထည့်ပေးနိုင်ပါတယ်။
INSERT INTO Products (ProductID, ProductName, Category, Price, StockQuantity) VALUES(5, 'Stellar Mouse', 'Electronics', 49.99, 200),(6, 'Desk Lamp', 'Office', 35.00, 120);
Modifying Data - UPDATE
Section titled “Modifying Data - UPDATE”UPDATE statement ကို table အတွင်းရှိပြီးသား record တွေကို ပြင်ဆင်ဖို့ အသုံးပြုပါတယ်။
Syntax:
UPDATE table_name SET column1 = new_value1, column2 = new_value2 WHERE condition;
ဥပမာ - “Denim Jeans” (ProductID 2) ရဲ့ ဈေးနှုန်းတက်သွားပါတယ်။
UPDATE ProductsSET Price = 95.00WHERE ProductID = 2;
UPDATE အပြီး Products Table -
ProductID | ProductName | Category | Price | StockQuantity |
---|---|---|---|---|
1 | Classic T-Shirt | Apparel | $25.00 | 500 |
2 | Denim Jeans | Apparel | $95.00 | 250 |
3 | Coffee Mug | Kitchenware | $15.50 | NULL |
4 | Keyboard | Electronics | $79.99 | 150 |
UPDATE statement ထဲမှာ တွက်ချက်မှုတွေလည်း လုပ်နိုင်ပါတယ်။
ဥပမာ - ‘Apparel’ အမျိုးအစားအားလုံးကို ဈေးနှုန်း ၁၀% လျှော့ပြီး promotion ချပါ။
UPDATE ProductsSET Price = Price * 0.90WHERE Category = 'Apparel';
Removing Data - DELETE
Section titled “Removing Data - DELETE”DELETE statement ကို table ထဲက ရှိပြီးသား record တွေကို ဖယ်ရှားဖို့ အသုံးပြုပါတယ်။
Syntax:
DELETE FROM table_name WHERE condition;
ဥပမာ - “Coffee Mug” (ProductID 3) ကို ဆက်မရောင်းတော့ပါဘူး။
DELETE FROM ProductsWHERE ProductID = 3;
DELETE အပြီး Products Table -
ProductID | ProductName | Category | Price | StockQuantity |
---|---|---|---|---|
1 | Classic T-Shirt | Apparel | $22.50 | 500 |
2 | Denim Jeans | Apparel | $85.50 | 250 |
4 | Keyboard | Electronics | $79.99 | 150 |
Safety First: အကောင်းဆုံး အလေ့အကျင့်
Section titled “Safety First: အကောင်းဆုံး အလေ့အကျင့်”UPDATE ဒါမှမဟုတ် DELETE command ကို မ run ခင်မှာ WHERE clause အတူတူသုံးပြီး SELECT statement တစ်ခု အရင်ရေးကြည့်တာက အလွန်ကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဘယ် row တွေ ပြောင်းလဲ (သို့) အဖျက်ခံရမလဲဆိုတာကို ကြိုတင်စစ်ဆေးနိုင်ပြီး အမှားများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အဆင့် ၁ (ကြိုတင်စစ်ဆေးခြင်း) - ဘယ် row အဖျက်ခံရမလဲဆိုတာ SELECT ဖြင့်ဦးစွာစစ်ဆေးပါ။
SELECT * FROM Products WHERE ProductID = 4;
အဆင့် ၂ (လုပ်ဆောင်ခြင်း) - ကိုယ်ဖျက်ချင်တဲ့ row က မှန်ကန်ကြောင်း သေချာမှသာ DELETE command ကို run ပါ။
DELETE FROM Products WHERE ProductID = 4;