Skip to content
GitHub

Welcome to Database!

Database တွေ ဘာကြောင့် အရေးကြီးတာလဲ။

Section titled “Database တွေ ဘာကြောင့် အရေးကြီးတာလဲ။”

သင်အကြိုက်ဆုံး App တွေက သင့်အကြောင်း (သင်ဘာကြိုက်လဲ၊ သင်ဘာတွေလုပ်ခဲ့လဲ၊ သင့်သူငယ်ချင်းတွေက ဘယ်သူတွေလဲ) အကုန်လုံးကို ဘယ်လိုများ မှတ်မိနေတယ်လို့ စဉ်းစားဖူးပါသလား။ အဖြေကတော့ ရိုးရှင်းပါတယ်။ Database ကြောင့်ပါပဲ။

Database ဆိုတာ အချက်အလက် (data) တွေကို စနစ်တကျနှင့် လုံခြုံစွာ သိမ်းဆည်းထားတဲ့ ဒစ်ဂျစ်တယ် ဖိုင်တွဲကြီးတစ်ခုလိုပါပဲ။ ဒီဖိုင်တွဲကြီးက သိမ်းထားတဲ့အချက်အလက်တွေကိုလည်း မြန်မြန်ဆန်ဆန် ပြန်ရှာနိုင်ပြီး တခြားသူတွေကိုလည်း အလွယ်တကူ မျှဝေနိုင်စွမ်းရှိပါတယ်။ ဒါဟာ Database ရဲ့ အခြေခံ သဘောတရားပါပဲ။

အနှစ်ချုပ်ပြောရရင်

Database ဆိုတာ အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုမှာရှိတဲ့ လုပ်ငန်းစဉ်တစ်ခုရဲ့ အချက်အလက် (Data) တွေကို စနစ်တကျ စုစည်းထားတာကို ခေါ်ပါတယ်။

စက္ကူဖိုင်တွေနှင့်ပဲဖြစ်ဖြစ် ခေတ်မီ Software နှင့်ပဲဖြစ်ဖြစ် ရည်ရွယ်ချက်တစ်ခုအတွက် Data တွေကို စနစ်တကျ စုဆောင်းသိမ်းဆည်းနေပြီဆိုရင် သင်ဟာ Database ဖြင့်အလုပ်လုပ်နေတာပါပဲ။ ဒီနေ့ခေတ်မှာဆိုရင် သင်ကိုယ်တိုင်တောင် သတိမထားမိဘဲ Database တွေနှင့် နေ့စဉ်ထိတွေ့နေရပါတယ်။ (ဥပမာ - အွန်လိုင်းကနေ ပစ္စည်းတွေ ဝယ်တာမျိုးပေါ့။)

Databases Around You: Practical Use Cases from Daily Life

Section titled “Databases Around You: Practical Use Cases from Daily Life”

ပိုပြီးနားလည်လာအောင် လက်တွေ့ကျတဲ့ ဥပမာလေးတွေဖြင့် ထပ်ပြီးလေ့လာကြည့်ရအောင်။

Section titled “ပိုပြီးနားလည်လာအောင် လက်တွေ့ကျတဲ့ ဥပမာလေးတွေဖြင့် ထပ်ပြီးလေ့လာကြည့်ရအောင်။”

1. The Local Cafe: From Notepad to Customer Management System

Section titled “1. The Local Cafe: From Notepad to Customer Management System”

သင့်မှာ ကော်ဖီဆိုင်လေးတစ်ဆိုင် ပိုင်ဆိုင်တယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ ဆိုင်စဖွင့်တုန်းကတော့ Customer တွေရဲ့ Order တွေကို မှတ်စုစာအုပ်လေးထဲမှာပဲ ရေးမှတ်ရုံဖြင့် လုံလောက်နိုင်ပါတယ်။ ဒါပေမဲ့ သင့်ကော်ဖီဆိုင်က လူကြိုက်များပြီး အရောင်းသွက်လာတာနှင့်အမျှ ဒီမှတ်စုစာအုပ်စနစ်က အလုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ အောက်ပါအချက်အလက်တွေကို စီမံခန့်ခွဲဖို့ ပိုပြီးစနစ်ကျတဲ့ နည်းလမ်းတစ်ခု လိုအပ်လာပါပြီ။

  • Customer ကြိုက်နှစ်သက်မှုများ - “ဒီဖောက်သည်က almond milk ကြိုက်တာလား၊ oat milk ကြိုက်တာလား။”
  • Loyalty Points များ - “ဒီဖောက်သည်မှာ ကော်ဖီတစ်ခွက်အခမဲ့ရဖို့ အမှတ်ဘယ်လောက်ရှိပြီလဲ။”
  • မှာယူမှုမှတ်တမ်းများ - “သူအမြဲတမ်းမှာနေကျ မုန့်က ဘာလဲ။”
  • တုံ့ပြန်ချက်များ - “ဆိုင်က အသစ်ထုတ်လိုက်တဲ့ ပေါင်မုန့်နှင့်ပတ်သက်ပြီး သူဘာပြောသွားသေးလဲ။”

ဒီအချက်အလက်တွေကို စနစ်တကျသိမ်းဆည်းပေးနိုင်တာ Database ပဲဖြစ်ပါတယ်။

2. Your Digital Life: Social Media and Beyond

Section titled “2. Your Digital Life: Social Media and Beyond”

သင်သုံးနေတဲ့ Social Media Profile ကို စဉ်းစားကြည့်ပါ။ သင့် Username၊ Bio၊ တင်ထားတဲ့ Post တွေ၊ သင် Follow လုပ်ထားတဲ့သူတွေ၊ သင်ရထားတဲ့ Like နှင့် Comment တွေအားလုံးဟာ စီမံခန့်ခွဲရမယ့် အချက်အလက်တွေချည်းပါပဲ။ Database ကတော့ အဲဒီအချက်အလက်တွေအားလုံးကို နောက်ကွယ်ကနေ သိမ်းဆည်းပေးထားတဲ့ မမြင်ရတဲ့ အင်ဂျင်စက်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။

  • အသုံးပြုသူ ပရိုဖိုင်များ (User profiles) - Username၊ Bio၊ Follower စာရင်းများ။
  • ပို့စ်များနှင့် ဗီဒီယိုများ (Posts and videos)- ဘယ်သူတင်လဲ၊ ဘယ်အချိန်ကတင်လဲ၊ ဘာအကြောင်းအရာလဲ။
  • မှတ်ချက်များနှင့် Like များ (Comments and likes) - ဘယ်သူက ဘယ် Post မှာ ဘာ Reaction ပေးသွားလဲ။
    Database သာမရှိရင် Social Media Platform တွေအနေဖြင့် သင့်အတွက် စိတ်ကြိုက် NewsFeed ကို ပြပေးဖို့၊ သင့် Post မှာ Like လာပေးတာကို အသိပေးဖို့၊ သူငယ်ချင်းအသစ်တွေကို အကြံပြုပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

3. Gaming Worlds: Saving Your Progress and More

Section titled “3. Gaming Worlds: Saving Your Progress and More”

ဒီဘက်ခေတ် Video Game တွေမှာ ကစားသမားတွေရဲ့ Account တွေ၊ Character တွေ၊ ရထားတဲ့ Achievement တွေ၊ Score တွေ အများကြီးရှိပါတယ်။ ဒီအချက်အလက်တွေရဲ့ နောက်ကွယ်မှာ Database က အောက်ပါအရာတွေကို သိမ်းဆည်းပေးထားပါတယ်။

  • ကစားသမား Profile များ - Account အသေးစိတ်အချက်အလက်များ၊ Character အချက်အလက်များ။
  • ဂိမ်း Progress များ - သိမ်းဆည်းထားတဲ့ အခြေအနေ၊ ပြီးစီးခဲ့တဲ့ Level။
  • Leaderboard များ - ကစားသမား အဆင့်သတ်မှတ်ချက်တွေနှင့် Score များ။
  • ဂိမ်းအတွင်း ဝယ်ယူမှုများ - ဝယ်ယူထားတဲ့ Item တွေရဲ့ မှတ်တမ်း။

သင့်ရဲ့ ဂိမ်း Progress တွေကို အလိုအလျောက် Save ပေးထားတာ၊ Leaderboard မှာ သင့်အဆင့်ကို တိတိကျကျ တွက်ချက်ပေးတာ၊ သင်ဂိမ်းကို ဘယ်နေရာမှာပဲရပ်ပြီး ဘယ်စက်ဖြင့် ပြန်ဝင်သည်ဖြစ်စေ ရောက်နေတဲ့နေရာကနေ ပြန်စနိုင်တာတွေအားလုံးဟာ Database ကြောင့်ပဲဖြစ်ပါတယ်။

အဓိက မှတ်သားစရာ

Section titled “အဓိက မှတ်သားစရာ”

Data မျိုးစုံကို သိမ်းဆည်းနိုင်၊ ပြန်ကြည့်နိုင်၊ လိုအပ်သလို စီမံခန့်ခွဲနိုင်တဲ့ App တစ်ခုကို သင်တွေ့လိုက်ရပြီဆိုရင် အဲဒါဟာ Database ရဲ့ လုပ်ဆောင်ချက်ကို မြင်တွေ့နေရတာပါပဲ။

နားလည်မှုကို စမ်းသပ်ကြည့်ကြပါစို့။ သင်နေ့စဉ်အသုံးပြုနေသော App တွေကို စဉ်းစားကြည့်ပြီး Database တစ်ခုက မည်သည့်နေရာတွေမှာ အချက်အလက်(information) များကို သိမ်းဆည်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့လုပ်နေမည်ကို ခန့်မှန်းကြည့်ပါ။

Instagram: Instagram ရဲ့ Database မှာ ဘယ်လို Data မျိုးတွေကို သိမ်းထားပြီး စီမံခန့်ခွဲမယ်လို့ ထင်လဲ။
Possible Answers: Users၊ Posts၊ Likes၊ Comments၊ Stories၊ Followers တွေရဲ့ ချိတ်ဆက်မှု။

Amazon: Amazon လို Online Shopping App တစ်ခုရဲ့ Database မှာ ဘယ်လိုအချက်အလက်တွေ လိုအပ်မလဲ။
Possible Answers: ထုတ်ကုန်များ၊ customer များ၊ အော်ဒါများ၊ ငွေပေးချေမှု အချက်အလက်များ၊ ပို့ဆောင်မည့်လိပ်စာများ၊ ရှာဖွေမှုမှတ်တမ်းများ (search history)။

အွန်လိုင်းဂိမ်းများ (ဥပမာ- Fortnite, Mobile Legends): ဒီလိုဂိမ်းတွေ အလုပ်လုပ်ဖို့ ဘယ်လို Data တွေ အရေးကြီးမလဲ။
Possible Answers: ကစားသမားများ၊ ရမှတ်များ၊ အောင်မြင်မှုများ (achievements)၊ အဆင့်များ (ranks)၊ ဂိမ်းတွင်းသုံးငွေ (in-game currency)၊ ဇာတ်ကောင် စိတ်ကြိုက်ပြင်ဆင်မှု (character customization)၊ သူငယ်ချင်းစာရင်းများ။

အစားအသောက်ပို့ဆောင်ရေးအက်ပ် (ဥပမာ- FoodPanda, GrabFood): ဒီ App တွေမှာ ဘယ်လိုအချက်အလက်တွေကို သိမ်းဆည်းပြီး ချိတ်ဆက်ထားမလဲ။
Possible Answers: မီနူးများ၊ စားသောက်ဆိုင်များ၊ ပို့ဆောင်သူများ (riders)၊ ဖောက်သည် မှာယူမှုများ၊ ပို့ဆောင်မည့်လိပ်စာများ၊ ငွေပေးချေမှု အသေးစိတ်အချက်အလက်များ၊ အဆင့်သတ်မှတ်ချက်များ (ratings)။