Skip to content
GitHub

သင်ခန်းစာ အနှစ်ချုပ်နှင့် ရှေ့ဆက်ရမည့်ခရီး

အားလုံးကို ပြန်ပေါင်းကြည့်ခြင်း - အဓိက နိယာမများ (Core Principles)

Section titled “အားလုံးကို ပြန်ပေါင်းကြည့်ခြင်း - အဓိက နိယာမများ (Core Principles)”

ဒီ သင်ခန်းစာကြီးတစ်ခုလုံးကနေ တခြားဟာတွေ မမှတ်မိရင်တောင် အောက်ပါ အချက်လေးတွေကိုတော့ အမြဲ မှတ်ထားစေချင်ပါတယ်:

  • Architecture ဆိုတာ ရှုပ်ထွေးမှုတွေကို စီမံခန့်ခွဲတာပါ: ခင်ဗျားရဲ့ အဓိကအလုပ်က System ကြီးကို ဖြစ်နိုင်သမျှ အချိန်အကြာဆုံး ရိုးရှင်းနေအောင် ထိန်းသိမ်းဖို့ပါပဲ။
  • အရာအားလုံးက အပေးအယူ (Trade-off) ပါပဲ: “အကောင်းဆုံး ပြီးပြည့်စုံတဲ့” ဖြေရှင်းချက်ဆိုတာ မရှိပါဘူး။ ကိုယ့်အခြေအနေနဲ့ အကိုက်ညီဆုံး ဖြစ်မယ့် ဖြေရှင်းချက်တွေပဲ ရှိပါတယ်။
  • နောက်ခံအခြေအနေ (Context) က အဓိကပါ: မှန်ကန်တဲ့ Architecture ဆိုတာ ကိုယ့်လုပ်ငန်းရဲ့ ရည်မှန်းချက်၊ ဘတ်ဂျက်၊ အချိန် နဲ့ Team ရဲ့ အရည်အချင်း အပေါ်မှာပဲ မူတည်ပါတယ်။
  • “ဘာလဲ” ထက် “ဘာကြောင့်လဲ” ကို မှတ်တမ်းတင်ပါ: အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချတိုင်း ADR လို မှတ်တမ်းမျိုး ရေးခဲ့ပါ။
  • Architecture ဆိုတာ ဘယ်တော့မှ ပြီးဆုံးမသွားပါဘူး: နည်းပညာတွေက အမြဲပြောင်းလဲနေလို့ ကိုယ့် System ကိုလည်း အမြဲ ပြန်လည်အကဲဖြတ်ပြီး တိုးတက်အောင် လုပ်နေရမှာပါ။

ခင်ဗျားတို့ ရှေ့ဆက်ရမယ့် ခရီး

Section titled “ခင်ဗျားတို့ ရှေ့ဆက်ရမယ့် ခရီး”

ဒီ Course ကနေ ခင်ဗျားတို့ကို မြေပုံနဲ့ သံလိုက်အိမ်မြှောင် ပေးလိုက်ပါပြီ။ ခရီးကိုတော့ ကိုယ်တိုင် ဆက်လျှောက်ရမှာပါ။

  • ပိုပြီး နက်နက်နဲနဲ လေ့လာပါ: ဒီထဲကနေ ကိုယ်စိတ်ဝင်စားတဲ့ Pattern တစ်ခုခု (ဥပမာ - Microservices ဒါမှမဟုတ် Event Sourcing) ကို ရွေးပြီး Personal Project သေးသေးလေး တစ်ခု ရေးကြည့်ပါ။
  • အသေးလေးကနေ စတင်ပါ: System ကြီးတစ်ခုလုံးကို အစကနေ ပြန်ရေးဖို့ မလိုပါဘူး။ နောက်ထပ် Feature အသစ်တစ်ခု ရေးရင်ပဲဖြစ်ဖြစ် Architecture ပုံစံလေး သွင်းပြီး စဉ်းစားကြည့်ပါ။
  • ကိုယ့် Team ရဲ့ Architect ဖြစ်အောင် လုပ်ပါ: တစ်ခုခုဆို “ဒါ ဘာကြောင့် ဒီလိုရေးရတာလဲ” လို့ စမေးပါ။ ကိုယ့်အကြံဉာဏ်တွေကို သူများနားလည်အောင် ပုံကြမ်းလေးတွေ ဆွဲပြပါ။ Trade-off တွေနဲ့ ပတ်သက်ပြီး Team ထဲမှာ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်ပါ။