CRUD လုပ်ဆောင်ချက်များ
ဒေတာဘေ့စ်တစ်ခုမှာ အမြဲတမ်း လုပ်ရတဲ့ အလုပ် ၄ ခု (CRUD - Create, Read, Update, Delete) ကို MongoDB မှာ ဘယ်လို လုပ်လဲ ကြည့်ရအောင်။
ဒီနေရာမှာ users ဆိုတဲ့ Collection ကို အသုံးပြုသွားပါမယ်။
1. Create (ဒေတာ အသစ်ထည့်ခြင်း)
Section titled “1. Create (ဒေတာ အသစ်ထည့်ခြင်း)”ဒေတာ “တစ်ခုတည်း” ထည့်ချင်ရင် insertOne သုံးပြီး၊ “အများကြီး” တစ်ခါတည်း ထည့်ချင်ရင် insertMany ကို သုံးပါတယ်။
// တစ်ခုတည်း ထည့်ခြင်းdb.users.insertOne({ name: "Su Su", age: 22, city: "Yangon"});
// အများကြီး တစ်ခါတည်း ထည့်ခြင်းdb.users.insertMany([ { name: "Aung Aung", age: 25 }, { name: "Nyi Nyi", age: 20, city: "Mandalay" }]);2. Read (ဒေတာ ရှာဖွေခြင်း)
Section titled “2. Read (ဒေတာ ရှာဖွေခြင်း)”အားလုံးကို ပြန်ဆွဲထုတ်ဖို့ သို့မဟုတ် သတ်မှတ်ချက်နဲ့ ရှာဖို့ find နဲ့ findOne ကို သုံးပါတယ်။
// အကုန်ထုတ်ကြည့်မယ်db.users.find();
// မြို့က "Yangon" ဖြစ်တဲ့သူတွေကိုပဲ ရှာမယ်db.users.find({ city: "Yangon" });
// အသက် ၂၀ ထက် ကြီးတဲ့သူတွေကို ရှာမယ် ($gt = greater than)db.users.find({ age: { $gt: 20 } });
// ထိပ်ဆုံးက တစ်ယောက်ကိုပဲ လိုချင်ရင်db.users.findOne({ name: "Su Su" });3. Update (ဒေတာ ပြင်ဆင်ခြင်း)
Section titled “3. Update (ဒေတာ ပြင်ဆင်ခြင်း)”ရေးခဲ့တဲ့ ဒေတာတွေကို အသစ်ပြန်ပြင်မယ်။ updateOne နဲ့ updateMany ပါ။
// နာမည် "Su Su" ကိုရှာပြီး အသက် ၂၃ လို့ ပြင်မယ် ($set ကို မဖြစ်မနေ သုံးရပါတယ်)db.users.updateOne( { name: "Su Su" }, // ဘယ်သူ့ကို ရှာမှာလဲ { $set: { age: 23 } } // ဘာသွားပြင်မှာလဲ);4. Delete (ဒေတာ ဖျက်ခြင်း)
Section titled “4. Delete (ဒေတာ ဖျက်ခြင်း)”မလိုတော့တဲ့ ဒေတာတွေကို ဖယ်ရှားမယ်ဆိုရင် deleteOne နဲ့ deleteMany ကို သုံးပါတယ်။
// နာမည် "Nyi Nyi" ကို ဖျက်မယ်db.users.deleteOne({ name: "Nyi Nyi" });
// အသက် ၁၈ အောက် လူတွေအကုန် ဖျက်မယ် ($lt = less than)db.users.deleteMany({ age: { $lt: 18 } });