Skip to content
GitHub

Rendering Strategies နှိုင်းယှဉ်ချက်

Methodဥပမာ (Analogy)အမြန်နှုန်း (Initial Load)SEO (Search Engine)ဒေတာ အသစ်ဖြစ်မှု (Freshness)
CSRMeal Kit (ကိုယ့်ဘာသာချက်စား)🐢 အနှေးဆုံး❌ အားနည်းတယ်✅ အမြဲတမ်း အသစ်ဖြစ်တယ်
SSRDelivery (အသင့်လာပို့)🐇 မြန်တယ်✅ ကောင်းတယ်✅ အမြဲတမ်း အသစ်ဖြစ်တယ်
SSGFrozen Food (ကြိုလုပ်ထား)🚀 အမြန်ဆုံး✅ အကောင်းဆုံး❌ အဟောင်း (Rebuild လုပ်မှ အသစ်ရမယ်)
ISRBakery (အချိန်နဲ့ ကြိုလုပ်ထား)🚀 မြန်တယ်✅ အကောင်းဆုံး⚠️ အသစ် (သတ်မှတ်ချိန်ရောက်တိုင်း အသစ်ဖြစ်တယ်)

ဘယ်ဟာကို ရွေးချယ်မလဲ?

Section titled “ဘယ်ဟာကို ရွေးချယ်မလဲ?”

CSR ကို သုံးပါ။

  • SEO လုံးဝ မလိုပါဘူး။ (Admin မျက်နှာပြင်ကို Google Search မှာ ပေါ်စရာ မလိုလို့ပါ)
  • User က Login ဝင်ပြီးမှ သုံးတာဖြစ်လို့ စစချင်း Initial Load နည်းနည်း ကြာရင်လည်း ပြဿနာ မရှိပါဘူး။
  • Data တွေက အမြဲတမ်း တပြေးညီ (Real-time) Update ဖြစ်နေဖို့ လိုအပ်ပါတယ်။

SSR ကို သုံးပါ။

  • သတင်းတွေက အချိန်နဲ့ တပြေးညီ အမြဲတမ်း တက်နေဖို့ လိုအပ်ပါတယ်။
  • Google News လို နေရာမျိုးမှာ ပါဖို့အတွက် SEO အထူး ကောင်းမွန်ဖို့ လိုအပ်ပါတယ်။

SSG ကို သုံးပါ။

  • Content တွေက နေ့တိုင်း၊ အချိန်တိုင်း မပြောင်းလဲပါဘူး။
  • User အတွက် အမြန်ဆုံး (Fastest Experience) ဖြစ်ချင်ပါတယ်။
  • Server ဘက်က အလုပ်မလုပ်ရတဲ့အတွက် Hosting စရိတ် အသက်သာဆုံး ဖြစ်ချင်ပါတယ်။

၄။ E-commerce Product Listing (ကုန်ပစ္စည်းပြသသော စာမျက်နှာ)

Section titled “၄။ E-commerce Product Listing (ကုန်ပစ္စည်းပြသသော စာမျက်နှာ)”

ISR ကို သုံးပါ။

  • ပစ္စည်းဈေးနှုန်းတွေက အချိန်မရွေး ပြောင်းလဲနိုင်ပါတယ်။
  • ဒါပေမဲ့ SSR လောက် Server ကို ဝန်မပိစေချင်ပါဘူး။ (ပစ္စည်းတွေ အများကြီး ရှိလို့ပါ)
  • ၁ နာရီ ဒါမှမဟုတ် ၁၀ မိနစ်လောက်နေမှ Price Update ပြန်ဖြစ်ရင် လုံလောက်ပါတယ်။