Real World Use Cases (လက်တွေ့ အသုံးချပုံများ)
1. Legacy Code Migration
Section titled “1. Legacy Code Migration”Company အဟောင်းတစ်ခုက PHP Code တွေကို Node.js ပြောင်းချင်တယ်။ Developer တွေက AI ကို သုံးပြီး Function တစ်ခုချင်းစီကို ဘာသာပြန်ခိုင်းတယ်။ ပြီးမှ လူက ပြန်စစ်တယ်။ အချိန် ၅၀% သက်သာသွားတယ်။
2. Automated Customer Support
Section titled “2. Automated Customer Support”E-commerce Website တစ်ခုက Customer တွေ မေးသမျှ (ပစ္စည်း ဘယ်တော့ ရောက်မလဲ၊ ပြန်လဲချင်ရင် ဘယ်လိုလုပ်ရမလဲ) ကို ဖြေပေးတဲ့ Chatbot လုပ်ထားတယ်။ Support Team ရဲ့ အလုပ်ဝန်ကို လျှော့ချပေးနိုင်တယ်။
3. Data Extraction
Section titled “3. Data Extraction”PDF Invoice ပေါင်းများစွာထဲက ငွေပမာဏ၊ ရက်စွဲ၊ ပစ္စည်းနာမည်တွေကို လူက လိုက်ကူးနေရတာ ကြာလို့၊ AI ကို ဖတ်ခိုင်းပြီး Excel ထဲ ထည့်ခိုင်းလိုက်တာ မိနစ်ပိုင်းပဲ ကြာတော့တယ်။
Your Turn
Section titled “Your Turn”သင်ရော သင့်လုပ်ငန်းခွင်မှာ ဘယ်နေရာတွေမှာ AI သုံးလို့ ရမလဲ စဉ်းစားကြည့်ပါ။ ပျင်းစရာကောင်းတဲ့၊ ထပ်ခါထပ်ခါ လုပ်နေရတဲ့ အလုပ်တွေ ရှိလား? အဲ့ဒါ AI သုံးဖို့ အကောင်းဆုံး နေရာပါပဲ။