Skip to content
GitHub

About us | Our Story & Mission

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

ဘာသာစကားဆိုင်ရာ အတားအဆီး အနည်းနဲ့အများ ရှိနေတာကြောင့် နက်နဲတဲ့ နည်းပညာဆိုင်ရာ ဗဟုသုတတွေကို လေ့လာတဲ့အခါ အခက်အခဲတချို့ ကြုံတွေ့နိုင်ပါတယ်။ အဲဒီအခါမျိုးမှာ မိခင်ဘာသာစကားနဲ့ လေ့လာခြင်းက များစွာ အထောက်အကူပြုပါလိမ့်မယ်။

နည်းပညာ ဆိုင်ရာ အသိပညာများကို လူတိုင်းလက်လှမ်းမီနိုင်စေရန်နှင့် ရိုးရှင်းလွယ်ကူစွာ နားလည်နိုင်စေရန် ရည်ရွယ်၍ ဤ platform ကို ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ အကြောင်း

ဘယ်လို စတင်ခဲ့သလဲ

  1. စတင်ခြင်း

    မြန်မာ developers များအတွက် အရည်အသွေးမြင့် နည်းပညာဆိုင်ရာ အကြောင်းအရာများကို မိခင်ဘာသာစကားဖြင့် လွယ်ကူစွာ နားလည်နိုင်စေရန် အတွက် စဉ်းစားမိခဲ့ပါသည်။

  2. ပထမဆုံး စမ်းသပ်မှု

    WebSocket နှင့် Advanced TypeScript စသော ခက်ခဲသော နည်းပညာများကို ရှင်းလင်းသော မြန်မာဘာသာဖြင့် စတင်ရေးသားရန် ဆုံးဖြတ်ခဲ့ပါသည်။

  3. လက်ရှိ အခြေအနေ

    ယခုအခါ ကျွန်ုပ်တို့သည် ပိုမို တိုးချဲ့လာနိုင်ခဲ့ပြီး မြန်မာ developers များအတွက် နည်းပညာဆိုင်ရာ ရင်းမြစ်တစ်ခု ဖြစ်လာစေရန် ဆက်လက်ကြိုးပမ်းလျက်ရှိပါသည်။

  4. အနာဂတ် အစီအစဉ်များ

    နောက်ထပ် နည်းပညာဆိုင်ရာ အကြောင်းအရာများ၊ interactive tutorials များ၊ Blogs နှင့် community platform အဖြစ် ချဲ့ထွင်ရန် စီစဉ်ထားပါသည်။

ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများ

ကျွန်ုပ်တို့ ယုံကြည်သော အရာများ

နည်းပညာဆိုင်ရာ ပညာရေးတွင် ကျွန်ုပ်တို့ ခိုင်မာစွာ လိုက်နာသော အခြေခံမူများ

ရိုးရှင်းမှု

ခက်ခဲသော သဘောတရားများကို ရိုးရှင်းစွာ ရှင်းပြခြင်းဖြင့် နားလည်မှုကို မြှင့်တင်ပေးခြင်း

ဘာသာစကား ကူးပြောင်းမှု

မြန်မာဘာသာဖြင့် ရှင်းလင်းရာတွင် အဓိပ္ပာယ်ပျက်ယွင်းမှု မရှိအောင် ဂရုတစိုက် ပြုလုပ်ခြင်း

လက်တွေ့အသုံးချနိုင်မှု

သီအိုရီသက်သက်မဟုတ်ဘဲ လက်တွေ့အသုံးဝင်သော ဥပမာများနှင့် ချဉ်းကပ်နည်းများကို ဦးစားပေးခြင်း။

အရည်အသွေး

အရည်အသွေးမြင့် အကြောင်းအရာများကို ဖန်တီးရန် အမြဲတမ်း ကြိုးပမ်းခြင်း။

လူတိုင်းလက်လှမ်းမီမှု

Beginners တွေအတွက် Programming ပညာရပ်များကို အလွယ်တကူ ထိတွေ့နိုင်ရန် နဲ့ တစ်ထောင့်တစ်နေရာမှ တတ်နိုင်သလောက် ကူညီရန်။

စဉ်ဆက်မပြတ် တိုးတက်မှု

အကြောင်းအရာများနှင့် platform ကို စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း။

ကျွန်ုပ်တို့ အဖွဲ့

Wai Yan Phyo Aung

ဝေယံဖြိုးအောင်

Founder, Main Instructor & Lead Developer

Phu Myat Thwe

ဖူးမြတ်သွယ်

Sub Instructor & Backend Developer

အခမဲ့ ပညာရေးကို ထောက်ပံ့ပါ

ကျွန်ုပ်တို့သည် အဓိက အကြောင်းအရာများကို အခမဲ့ဖြစ်အောင် ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိပါသည်။ သင်၏ ကူညီထောက်ပံ့မှုသည် ဤ platform ကို ဆက်လက်တည်တံ့စေရန် အထောက်အကူ ဖြစ်စေပါသည်။

GitHub Star ပေးခြင်း
အခြားသူများကို မျှဝေခြင်း

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ

မေးခွန်းများ၊ အကြံပြုချက်များ သို့မဟုတ် ပူးပေါင်းပါဝင်လိုပါက ဆက်သွယ်နိုင်ပါသည်။