အဓိက Performance Metrics များကို နားလည်ခြင်း
ဘာတွေကို တိုင်းတာလဲ၊ ဘာကြောင့်လဲ
Section titled “ဘာတွေကို တိုင်းတာလဲ၊ ဘာကြောင့်လဲ”loading ဖြစ်နေတဲ့ အချိန်အတွင်း အမျိုးမျိုးသော အပိုင်းတွေကို မတူညီတဲ့ metrics တွေနဲ့ တိုင်းတာပါတယ်။ တစ်ခုတည်းနဲ့ အားလုံးကို မပြောနိုင်ပါဘူး။
1. Time to First Byte (TTFB)
Section titled “1. Time to First Byte (TTFB)”-
User က website ကို ပထမဆုံး ဖွင့်လိုက်တဲ့အချိန် (ဥပမာ- link ကို နှိပ်တာ) မှာ server က ပေးတဲ့ ပထမဆုံး အချက်အလက် (HTML response ရဲ့ ပထမဆုံး byte) ကို လက်ခံရရှိတဲ့အချိန်အထိ ကြာချိန်ကို တိုင်းတာပါတယ်။
-
ဘာကြောင့်လဲ။ ဒါက server ရဲ့ Response မြန်နှုန်းနဲ့ network နှေးကွေးမှုကို ပြပါတယ်။ TTFB နှေးရင် တခြားအရာအားလုံးလည်း နှေးကုန်မှာပါ။
2. First Contentful Paint (FCP):
Section titled “2. First Contentful Paint (FCP):”- website page ပေါ်မှာ စာသား၊ ပုံ၊ ဒါမှမဟုတ် တခြားအရာတွေရဲ့ ပထမဆုံး အပိုင်းအစလေး စတင်ပေါ်လာတဲ့ အချိန်ကို ပြောတာပါ။
- ဘာကြောင့်လဲ။ website စတက်နေပြီဆိုတာ User ကို ပထမဆုံး ပြသတဲ့ အချိန်ဖြစ်ပါတယ်။
3. Largest Contentful Paint (LCP)
Section titled “3. Largest Contentful Paint (LCP)”- website page ပေါ်လာတဲ့ အချိန်မှာ အကြီးဆုံး Image ဒါမှမဟုတ် size ကြီးတဲ့ Texts တွေ ပေါ်လာတဲ့ အချိန်ကို တိုင်းတာပါတယ်။
- ဘာကြောင့်လဲ။ website ရဲ့ အဓိက အကြောင်းအရာတွေ ပေါ်လာတဲ့အချိန်ဖြစ်ပါတယ်။
4. First Input Delay (FID) / Interaction to Next Paint (INP)
Section titled “4. First Input Delay (FID) / Interaction to Next Paint (INP)”-
FID: User က website ကို ပထမဆုံး စတင်အသုံးပြုတဲ့အချိန် (ဥပမာ- ခလုတ်နှိပ်တာ) မှာ browser က အဲဒီ Action ကို တကယ် Respone လုပ်နိုင်တဲ့အချိန်အထိ ကြာချိန်ကို တိုင်းတာပါတယ်။ (နောက်ပိုင်း INP ဟု အစားထိုးသုံးစွဲ ကြပါတယ်)
-
INP: User website ထဲမှာ ရှိနေစဉ် တစ်လျှောက်လုံး အသုံးပြုမှုတွေ (နှိပ်တာ၊ ပွတ်ဆွဲတာ၊ keyboard သုံးတာ) အပေါ် website ရဲ့ ဘယ်လောက် မြန်မြန် Response လုပ်နိုင်တာကို တိုင်းတာပါတယ်။
-
ဘာကြောင့်လဲ။ ဒါက website က User Action တစ်ခုလုပ်တဲ့အခါ ဘယ်လောက် မြန်မြန် Response ပေးနိုင်လဲဆိုတာကို ပြပါတယ်။
5. Cumulative Layout Shift (CLS)
Section titled “5. Cumulative Layout Shift (CLS)”- website တက်နေစဉ်အတွင်း ရုတ်တရက် အရာဝတ္ထုတွေ နေရာရွေ့သွားတာ (စာတွေ၊ ပုံတွေ ခုန်သွားတာ) တွေ အားလုံးရဲ့ စုစုပေါင်းကို တိုင်းတာပါတယ်။ Layout shift ဆိုတာ မြင်နေရတဲ့ အရာတစ်ခုက နေရာရွေ့သွားတာကို ပြောတာပါ။
- ဘာကြောင့်လဲ။ ဒါက website ရဲ့ တည်ငြိမ်မှု ကို တိုင်းတာပါတယ်။
6. Time to Interactive (TTI)
Section titled “6. Time to Interactive (TTI)”-
website တစ်ခုလုံး အပြည့်အဝ အသုံးပြုနိုင်တဲ့အချိန်အထိ ဘယ်လောက်ကြာလဲဆိုတာကို တိုင်းတာပါတယ်။ ဒါဆို website က အသုံးဝင်တဲ့ အကြောင်းအရာတွေ ပြသနေပြီ (FCP)၊ အများစုသော ခလုတ်တွေကို နှိပ်လို့ရနေပြီ၊ ပြီးတော့ User အသုံးပြုတာကို (Response)တုံ့ပြန်နိုင်ပြီလို့ ဆိုလိုပါတယ်။
-
ဘာကြောင့်လဲ။ ဒါက website က User အသုံးပြုဖို့ တကယ် အဆင်သင့် ဖြစ်ပြီ ဆိုတာကို ညွှန်ပြပါတယ်။
7. Total Blocking Time (TBT)
Section titled “7. Total Blocking Time (TBT)”-
FCP နဲ့ TTI ကြားမှာ website ရဲ့ အဓိက main thread ကို ပိတ်ဆို့ခံထားရတဲ့ စုစုပေါင်းအချိန် ကို တိုင်းတာပါတယ်။ အဲ့ဒီ အချိန်အတွင်း User အသုံးပြုတာကို တုံ့ပြန်နိုင်ခြင်း မရှိပါဘူး။
-
ဘာကြောင့်လဲ။ website က အပြည့်အဝ အသုံးပြုနိုင်တဲ့အထိ User က ဘယ်လောက်ကြာကြာ စောင့်နေရလဲဆိုတာကို တိုင်းတာဖို့ ကူညီပါတယ်။ ဒါဟာ FID/INP အတွက် ကောင်းမွန်တဲ့ တိုင်းတာချက်တစ်ခုလည်း ဖြစ်ပါတယ်။
Metrics တွေက သုံးစွဲသူရဲ့ ခံစားချက်နဲ့ ဘယ်လို ဆက်စပ်လဲ
Section titled “Metrics တွေက သုံးစွဲသူရဲ့ ခံစားချက်နဲ့ ဘယ်လို ဆက်စပ်လဲ”Metric တစ်ခုချင်းစီက website ဖွင့်တဲ့အချိန်အတွင်း ဖြစ်ပေါ်နေတဲ့အဆင့်တွေအကြောင်း ပြောပြပေးပါတယ်။
- FCP – User က တစ်ခုခုကို စမြင်ရပြီ။
- LCP – အဓိက content ကို မြင်နိုင်ပြီ။
- FID/INP, TTI – သုံးစွဲသူက နှေးကွေးမှုမရှိဘဲ interact လုပ်နိုင်ပြီလား?
- CLS, overall smoothness – ခံစားချက်က တည်ငြိမ်ပြီး ကောင်းမွန်လား?