Cumulative Layout Shift (CLS)
CLS - စာမျက်နှာ တည်ငြိမ်မှုကို တိုင်းတာခြင်း
Section titled “CLS - စာမျက်နှာ တည်ငြိမ်မှုကို တိုင်းတာခြင်း”- ဘာကိုတိုင်းတာ တာလဲ: CLS က စာမျက်နှာပေါ်က မမျှော်လင့်ဘဲ ရွေ့သွားတဲ့အရာတွေကို တိုင်းတာပါတယ်။ ဥပမာ - သင်ကလစ်လုပ်ဖို့ကြိုးစားနေတဲ့ခလုတ်က ရုတ်တရက်ရွေ့သွားတာမျိုး။
CLS နည်းလေ Page က တည်ငြိမ်လေဖြစ်ပါတယ်။
-
ဘာကြောင့်အရေးကြီးသလဲ: ဖတ်နေရင်းနဲ့ စာသားတွေရွေ့သွားရင်၊ နှိပ်ချင်တဲ့ခလုတ်က မထင်မှတ်ဘဲရွေ့သွားရင် အရမ်းစိတ်တိုစရာကောင်းပါတယ်။
-
Layout Shift ဆိုတာဘာလဲ စာမျက်နှာပေါ်က အရာတစ်ခု (ဥပမာ - ဓာတ်ပုံ၊ ခလုတ်) ရဲ့နေရာ မထင်မှတ်ဘဲ ပြောင်းသွားတာကို ခေါ်ပါတယ်။
CLS အမှတ်သတ်မှတ်ချက်များ
Section titled “CLS အမှတ်သတ်မှတ်ချက်များ”- Good: 0.1 or less
- Needs Improvement: Between 0.1 and 0.25
- Poor: More than 0.25

CLS မကောင်းစေတဲ့ အကြောင်းရင်းများ
Section titled “CLS မကောင်းစေတဲ့ အကြောင်းရင်းများ”1. Width/Height မပါတဲ့ ဓာတ်ပုံများ
Section titled “1. Width/Height မပါတဲ့ ဓာတ်ပုံများ”ဓာတ်ပုံတွေမှာ width/height မသတ်မှတ်ထားရင် browser က နေရာဘယ်လောက်ယူမယ်ဆိုတာ မသိပါဘူး။ ဓာတ်ပုံအပြည့်ပေါ် လာတဲ့အခါ အခြားအရာတွေကို ရွေ့စေပါတယ်။
2. ကြော်ငြာတွေ၊ iframe တွေမှာ dimensions မသတ်မှတ်ထားခြင်း
Section titled “2. ကြော်ငြာတွေ၊ iframe တွေမှာ dimensions မသတ်မှတ်ထားခြင်း”ဒါတွေကလည်း ဓာတ်ပုံတွေလိုပဲ dimensions မသတ်မှတ်ထားရင် ရွေ့သွားတတ်ပါတယ်။
3. Dynamically Injected Content
Section titled “3. Dynamically Injected Content”စစခြင်း content တွေပေါ်ပြီးတဲ့ အချိန်မှ page အပေါ်မှာ content တစ်ခုထပ်ထည့်လိုက်တဲ့အခါ။ ဥပမာ - စာမျက်နှာအပေါ်ပိုင်းမှာ ရုတ်တရက် banner တစ်ခုပေါ်လာရင် အောက်က content တွေအားလုံး ရွေ့သွားပါတယ်။
4. Web Fonts တွေကြောင့် စာသားတွေပြောင်းသွားခြင်း
Section titled “4. Web Fonts တွေကြောင့် စာသားတွေပြောင်းသွားခြင်း”Font တွေ load ဖြစ်တဲ့အချိန်မှာ စာသားတွေက ပုံစံပြောင်းသွားတတ်ပါတယ်။
5. Network Response ကိုစောင့်ပြီးမှ DOM ကိုပြောင်းတဲ့အခါ
Section titled “5. Network Response ကိုစောင့်ပြီးမှ DOM ကိုပြောင်းတဲ့အခါ”ဥပမာ - server က response ပေါ် မူတည်ပြီး content တွေကို ဂရုမစိုက်ဘဲ ပြောင်းလဲမယ်ဆိုရင် layout shift ဖြစ်ပေါ်စေပါတယ်။
Layout Shift ဖြစ်စေတဲ့အရာတွေကို ဘယ်လိုရှာမလဲ
Section titled “Layout Shift ဖြစ်စေတဲ့အရာတွေကို ဘယ်လိုရှာမလဲ”-
Chrome DevTools (Performance Tab) : CLS score နဲ့ layout shift ကို ကြည့်နိုင်ပါတယ်။
-
Lighthouse / PageSpeed Insights : CLS ကိုဖြစ်စေတဲ့အရာတွေကို စာရင်းပြပေးပါတယ်။
-
WebPageTest.org : Filmstrip ကြည့်ပြီး ဘယ်နေရာတွေရွေ့နေသလဲဆိုတာ မြင်နိုင်ပါတယ်။
